အလှအပနဲ့ပတ်သက်ပြီး အများစုလုပ်လေ့ရှိတဲ့ မကောင်းတဲ့အလေ့အကျင့်တွေကို ပြန်ပြီးပြောပြပေးချင်ပါတယ်။ ဒါတွေကိုသိသွားတော့ ကိုယ်တိုင်လုပ်နေမိရင်လည်း ပြန်ဆင်ခြင်လို့ရတာပေါ့။

မျက်နှာကိုလက်နဲ့ခဏခဏထိတာကိုင်တာ

မျက်နှာကို လက်နဲ့ခဏခဏထိတာ ကိုင်တာက မျက်နှာအသားအရေထိခိုက်ပါတယ်။ လက်ကပေါင်းစုံကိုင်ထားတာမို့ လက်မှာ မမြင်နိုင်တဲ့ ဘတ်တီးရီးယားတွေ အများကြီးပါ။ ဒါကြောင့် မျက်နှာကိုကိုင်လိုက်ရင် မျက်နှာမှာ ဝက်ခြံထွက်တာမျိုး၊ ဖုထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

နှုတ်ခမ်းခြောက်ရင်ခွာတာ

နှုတ်ခမ်းခြောက်ပြီဆိုရင် တော်တော်များများက အဖတ်တွေလန်တာကို ခွာတတ်ကြတယ်။ ဒီလိုခွာရင် ပိုဆိုးလာပါလိမ့်မယ်။ ခွာပြီးသွေးထွက်တာကို ထပ်ခွာတာမျိုးဆိုရင် ပိုးဝင်ပြီး ပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းကို Lip Balm အမြဲဆိုးပါ။ မခွာပါနဲ့။

ဝက်ခြံကိုလက်နဲ့ညှစ်တာ

ဝက်ခြံထွက်လာရင် Acne Treatment လိမ်းထားပါ။ ဝက်ခြံထွက်တာနဲ့ လက်နဲ့ညှစ်တာ၊ ဖဲ့တာ၊ ကလိတာမျိုး လုံးဝမလုပ်ပါနဲ့။ ဝက်ခြံတွေပိုပွားလာတာမျိုး၊ ပိုးဝင်ပြီး ရောင်လာတာမျိုး၊ အနာဖြစ်ပြီး အမာရွတ်ကျန်တာမျိုး ဖြစ်လာပါလိမ့်မယ်။

Dryer ကို အပူသုံးပြီးမှုတ်တာ

အပြင်သွားစရာမရှိရင် ခေါင်းကို ဒီတိုင်းခြောက်အောင်ပဲ မျက်နှာသုတ်ပုဝါနဲ့ သုတ်ပါ။ Dryer သုံးမယ်ဆိုလည်း အအေးနဲ့ပဲသုံးပါ။ Dryer ကို အပူပေးပြီးမှုတ်တာက ဆံသားပိုပျက်စီးစေပါတယ်။

ခေါင်းနေ့တိုင်းလျှော်တာ

ခေါင်းကို အများဆုံး ၃ ရက် တစ်ခါပဲလျှော်ပါ။ အဲ့ထက်ပိုမလျှော်သင့်ပါဘူး။ ခေါင်းနေ့တိုင်းလျှော်တာက ဆံသားပျက်စီးစေသလို၊ ဆံပင်လည်းကျွတ်စေတယ်။ ကျန်းမာရေးလည်း ထိခိုက်စေပါတယ်။

based coat မခံပဲလက်သည်းနီဆိုးတာ

လက်သည်းနီဆိုးရင် based coat မခံပဲ ဆိုးတာက လက်သည်းပိုပျက်စီးစေပါတယ်။ ဒါကြောင့် အိမ်မှာ ကိုယ်တိုင်ဆိုးမယ်ဆိုလည်း based coat ခံပြီးမှဆိုးပါ။

Makeup Remover မသုံးပဲမျက်နှာသစ်တာ

မိတ်ကပ်လိမ်းသည်ဖြစ်စေ၊ မလိမ်းဘူးဖြစ်စေ Makeup Remover သုံးပြီးမှ မျက်နှာသစ်ပါ။ မိတ်ကပ်မလိမ်းလည်း မျက်နှာမှ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ ကပ်နေပါတယ်။