အရပ်ရှည်ချင်တယ်ဆိုရင် အားကစား (သို့) လေ့ကျင့်ခန်း လုပ်ရပါမယ်။ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းတယ်ဆိုရင် အားကစားလုပ်ပါ။ အားကစားလုပ်ရမှာ ပျင်းတယ်ဆိုရင်တော့ လေ့ကျင့်ခန်း လုပ်ရပါမယ်။ ဒီတစ်ခါမှာတော့ အရပ်ရှည်ထွက်လာစေဖို့ ကူညီပေးမယ့် အကောင်းဆုံးအားကစား ၉ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Basketball ကစားခြင်း

အရပ်ရှည်ထွက်လာစေဖို့အတွက် ပေါ်ပြူလာအဖြစ်ဆုံး အားကစားကတော့ Basketball ပဲ ဖြစ်ပါတယ်။ Basketball ကစားတဲ့အခါ ပြေးလိုက်၊ ခုန်လိုက်၊ ပစ်လိုက်နဲ့ ကစားရတဲ့အတွက် အရိုးအဆစ်သန်မာပြီး အရပ်ရှည်လာစေပါတယ်။

ရေကူးခြင်း

ရေကူးရတာ ကြိုက်တဲ့သူကတော့ တခြားဘာအားကစားမှတောင် လုပ်နေစရာမလိုပါဘူး။ ရေကူးပေးရုံနဲ့ အရပ်ရှည်ပြီး ကိုယ်ရည်စစ်လာမှာပါ။

ဘောလုံးကန်ခြင်း

ဘောလုံးကန်တာက အရိုးအဆစ်တွေကို ဆန့်ထုတ်သလို ဖြစ်စေတဲ့အတွက် အရပ်ရှည်စေပါတယ်။ ယောင်္ကျားလေးတွေကတော့ ဘောလုံးကန်ပြီး ရေကူးရုံနဲ့တင် အရပ်ရှည်ဖို့ Perfect ဖြစ်နေပါပြီ။

စက်ဘီးစီးခြင်း

စက်ဘီးစီးတာက အထူးသဖြင့် ခြေထောက်ကြွက်သားတွေ သန်မာပြီး အရပ်ရှည်လာစေဖို့ အထောက်အကူပြုပါတယ်။

ဘောလီဘောကစားခြင်း

ဘောလီဘောကစားတာက Basketball လိုပါပဲ။ အရပ်ရှည်ထွက်လာစေဖို့ အကောင်းဆုံး အားကစား ဖြစ်ပါတယ်။

ကြိုးခုန်ခြင်း

ကြိုးခုန်ပေးတာက အဆီကျရုံတင်မဟုတ်ပဲ အရပ်ရှည်ထွက်လာစေဖို့လည်း ကူညီပေးပါတယ်။ ငယ်ငယ်ထဲက အလေ့အကျင့်တစ်ခုလို လုပ်ပေးရင်တော့ ပိုထိရောက်ပါတယ်။

ကြက်တောင်ရိုက်ခြင်း

မိန်းကလေးတွေဆိုရင် ကြက်တောင်ရိုက်အားကစား လုပ်ပေးလို့ရပါတယ်။ အရပ်ရှည်ပြီး လက်မောင်းနဲ့ ကျောအနောက် ကြွက်သားတွေ သန်မာလာစေပါတယ်။

တင်းနစ်ကစားခြင်း

တင်းနစ်ကစားတာကလည်း ကြက်တောင်ရိုက်သလိုပဲ အရပ်ရှည်ထွက်လာစေဖို့ အများကြီးအကျိုးရှိတဲ့ အားကစားပါ။

Golf ရိုက်ခြင်း

Golf ရိုက်တာက ချွေးမထွက်ပဲ အရပ်ရှည်လာစေဖို့ အထောက်အကူပြုတဲ့ အားကစားဖြစ်ပါတယ်။ Golf ရိုက်ဝါသနာပါရင်တော့ ပုံမှန်လေးသာ အားကစားတစ်ခုလို လုပ်သွားပေးပါ။