ကိုယ့်ချစ်သူနဲ့အတူတူ ပျော်စရာကောင်းတဲ့အချိန်တွေကို ဖြတ်သန်းချင်တယ်ဆိုရင် ဒီအရာ ၆ ခုကို လုပ်ကြည့်ပါ။ ပျော်စရာကောင်းတဲ့၊ ကြည်နူးစရာကောင်းတဲ့ အချိန်တွေကို ရရှိမှာ သေချာပါတယ်။

Wotkout လုပ်ပါ

တစ်ယောက်ထဲ Workout မလုပ်ပဲ ကိုယ့်ချစ်သူနဲ့အတူတူလုပ်ကြည့်ပါ။ ချစ်သူနဲ့အတူ Body Goal လုပ်ပြီး အတူတူ Workout လုပ်ရတာက ပိုပြီး Active ဖြစ်စေသလို ပိုပြီးလည်း ပျော်စရာကောင်းမှာပါ။

ဂိမ်းဆော့ပါ

ကိုယ့်ချစ်သူနဲ့အတူတူ ဂိမ်းဆော့ရတာကကလည်း တကယ်ကို ပျော်စရာကောင်းသလို၊ ရီလည်းရီရပါတယ်။ ချစ်သူက ဂိမ်းဆော့နေလို့၊ ကိုယ်နဲ့စကားလာမပြောဘူးဆိုပြီး စိတ်ကောက်နေစရာလည်း မလိုတော့ဘူးပေါ့။ သူနဲ့တူတူ ကိုယ်ပါဆော့လိုက်တော့ အဆင်ပြေသွားရော။

Shopping ထွက်ပါ

Shopping ထွက်မယ်ဆိုရင် ကိုယ့်ချစ်သူနဲ့ အတူတူထွက်ပါ။ တစ်ယောက်ဝယ်တာကို တစ်ယောက်ကလိုက်ရွေးပေးတာ၊ စိတ်ရှည်ရှည်နဲ့ လိုက်ပေးတာတွေက ကြည်နူးစရာကောင်းပါတယ်။ စားဖို့သောက်ဖို့အတွက် ဈေးဝယ်ထွက်မယ်ဆိုလည်း ပျော်စရာကောင်းပါတယ်။

တစ်ခုခုလုပ်စားပါ

အပြင်မှာပဲ မုန့်တွေထွက်စားနေတာမျိုးမလုပ်ပဲ ကိုယ့်ချစ်သူနဲ့အတူတူ လိုအပ်တာတွေ တူတူဝယ်ပြီး မုန့်လုပ်စားတာမျိုးတွေ၊ သူငယ်ချင်းတွေပါခေါ်ပြီး တစ်ခုခုလုပ်စားတာမျိုးတွေလည်း မလုပ်ဖူးသေးရင် လုပ်ကြည့်ပါ။ အရမ်းပျော်စရာကောင်းပါတယ်။

ခရီးသွားပါ

ကိုယ့်ချစ်သူနဲ့အတူတူ ခရီးသွားရတာကလည်း အရမ်းပျော်စရာကောင်းတဲ့အရာတစ်ခုပါ။ သူငယ်ချင်းတွေပါခေါ်ပြီး အများကြီးစုသွားကြရင် ပိုတောင် ပျော်စရာကောင်းပါသေးတယ်။ ခရီးသွားတော့ တစ်ယောက်အကြောင်း တစ်ယောက်လည်း ပိုပြီးသိလာသလို အမှတ်တရလည်း ဖြစ်စေပါတယ်။

ဓာတ်ပုံရိုက်ပါ

တွေ့ရင် ဖုန်းနဲ့ ဓာတ်ပုံရိုက်ကြတာမျိုးမဟုတ်ပဲ Camera Man နဲ့ သေချာလေး Couple Goal ရိုက်တာမျိုးလေးတွေ ရိုက်ကြည့်ပါ။ ပျော်စရာကောင်းသလို ကြည်နူးစရာလည်း ကောင်းပါတယ်။ အမှတ်တရအဖြစ်နဲ့လည်း ကျန်ရစ်နေမယ့် ပုံလေးတွေပါ။