အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးတွေ Stress တွေရှိတာကတော့ လူတိုင်းပါပဲ။ တချို့ကျတော့ မကြာခဏ စိတ်ဖိစီးမှု များနေတဲ့သူတွေ ရှိသလို အမြဲတမ်း စိတ်ဖိစီးမှု များနေတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ သက်သာလျော့ကျသွားအောင် စိတ်ဖိစီးမှုများတဲ့သူတွေလုပ်သင့်တဲ့ ယောဂကျင့်စဉ် ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

Gyan Mudra

လက်အနေအထားကို ပုံမှာပြထားသလိုလေး လုပ်ပေးပြီး မျက်စိကိုမှိတ်ကာ အသက်ကို ရှူသွင်းလိုက်၊ ခပ်ပြင်းပြင်း ပြန်ရှူထုတ်လိုက်နဲ့ လုပ်ပေးရမှာပါ။ မတ်တပ်ရင်းနဲ့လည်း လုပ်လို့ရသလို ထိုင်ပြီးလည်း လုပ်လို့ရတာကြောင့် ဘယ်အချိန်မဆို လုပ်လို့အဆင်ပြေပါတယ်။

Tadasana

မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကို ပုံမှာလုပ်ပြထားသလို မြှောက်ထားပေးပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပေးပြီး အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်နေပေးပါ။ ခေါင်းထဲမှာ ဘာမှမတွေးပဲ ဒီယောကအပေါ်မှာပဲ စိတ်နှစ်ထားပေးပါ။

Balasana

ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပေးရမှာပါ။ အဲ့လိုလုပ်နေတဲ့အချိန်မှာ အသက်ကိုရှိုက်ရှူလိုက်၊ ခပ်ပြင်းပြင်း ရှူထုတ်လိုက်နဲ့ လုပ်ပေးပါ။ မျက်စိမှိတ်ထားရင် ပိုကောင်းပါတယ်။

Tree Pose

ပုံမှာပြထားတဲ့ Tree Pose အတိုင်း ခန္ဓာကိုယ်ကို Balance ညီအောင် နေပေးပါ။ အဲ့အတိုင်း ကိုယ်အဆင်ပြေသလောက် နေပေးပြီး အဲ့လိုနေနေတဲ့အချိန်မှာလည်း အသက်ကို ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ ခြေထောက်ကို ဘယ်ညာတစ်လှည့်စီပြောင်းပြီး လုပ်ပေးရမှာပါ။

Pigeon Pose

အောက်ကနေ ယောဂဖျာခင်းပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးရပါမယ်။ ဆန့်ထားတဲ့ခြေထောက်ကို ဆန့်ထုတ်ထားရမှာဖြစ်သလို ခါးကလည်း ကော့မတ်နေရပါမယ်။ အဲ့အတိုင်း အနည်းဆုံး စက္ကန့် ၃၀ နေပေးပါ။ အချိန်ပြည့်ရင် ခြေထောက်ကို ဘယ်ညာပြောင်းပြီး ထပ်လုပ်ပေးပါ။