လူတိုင်းမှာ တအားစိတ်ဆိုးပြီး ဒေါသထွက်တဲ့အချိန်ဆိုတာ ရှိပါတယ်။ ဒီလိုအချိန်မှာ တော်တော်များများက ဘာမှမမြင်တော့ပဲ စိတ်ထဲရှိတဲ့အတိုင်း မစဉ်းစားပဲလုပ်လိုက်တတ်ကြပါတယ်။ စိတ်ဆိုးဒေါသထွက်နေချိန်မှာ ပြောချင်တာတွေပြောမယ်၊ လုပ်ချင်တာတွေလုပ်မယ်၊ အမှားတွေလည်း လုပ်မိကြမယ်။ နောက်သွေးအေးသွားတဲ့အချိန်ကျမှ ပြန်နောင်တရကြတာပေါ့။ ဒီလို တအားစိတ်ဆိုးပြီး ဒေါသထွက်လာတဲ့အခါ အမှားတွေမဖြစ်အောင် ဒီအရာတွေကိုလုပ်ပြီး ဆင်ခြင်နိုင်ပါတယ်။

လေ့ကျင်ခန်းလုပ်ပါ

ကိုယ်လက်လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေ ဆက်တိုက်လုပ်ပစ်ပါ။ သွေးပူပြီး ချွေးတွေထွက်သွားတဲ့အထိ လေ့ကျင့်ခန်းလုပ်ပစ်ပါ။ ဒါဆိုရင်တော့ ပေါက်ကွဲချင်စိတ်တွေ၊ ဒေါသထွက်နေတာက လျော့ကျသွားပါလိမ့်မယ်။

သီချင်းနားထောင်ပါ

တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်ထဲ အေးအေးဆေးဆေးနေပြီး မျက်လုံးလေးပိတ်ကာ သီချင်းနားထောင်နေပါ။ စိတ်တည်ငြိမ်ချင်ရင်တော့ သီချင်းအေးအေးလေးတွေ၊ ကြည်နူးစရာကောင်းတဲ့ သီချင်းလေးတွေကို နားထောင်ပါ။ စိတ်ပျော်ရွှင်ချင်ရင်တော့ ခပ်မြူးမြူးလေးတွေနားထောင်ပါ။

ဂိမ်းဆော့ပါ

စိတ်တအားဆိုးနေချိန်၊ ဒေါသတအားထွက်နေချိန်မှာ ဂိမ်းဆော့တာကလည်း စိတ်ထွက်ပေါက်တစ်ခုပါပဲ။ ဂိမ်းထဲပဲအာရုံရောက်နေတော့ တခြားအမှားတွေ မလုပ်မတော့ဘူးပေါ့။

ဘယ်သူ့မှမရှိတဲ့နေရာမှာအနားယူပါ

တအားစိတ်ဆိုးဒေါသထွက်နေချိန်မှာ ဘယ်သူနဲ့မှမနေပဲ တစ်ယောက်ထဲ အေးအေးဆေးဆေးနေတာ အကောင်းဆုံးပါပဲ။ သူများအပေါ်လည်း အမှားမလုပ်မိတော့ဘူးပေါ့။ ဖုန်းတွေပါပိတ်ပြီး အေးအေးဆေးဆေး ဘယ်သူ့မှမရှိတဲ့နေရာမှာ အပြည့်အဝအနားယူလိုက်ပါ။

photo source: www.freepik.com