ဗိုက်အမြန်ချပ်ချင်တဲ့သူတွေအတွက် တစ်နေ့ကို ၁၅ မိနစ် အချိန်ပေးပြီး နေ့တိုင်းလုပ်ရမယ့် ယောဂလေ့ကျင့်ခန်း ၈ မျိုးကို မျှဝေပေးလိုက်ပါတယ်။ တစ်နေ့ကို ၁၅ မိနစ်လောက် အပင်ပန်းခံလိုက်တာနဲ့ ဗိုက်ချပ်နိုင်ပြီဆိုတော့ သေချာကို Try ကြည့်သင့်ပါတယ်နော်။

ပုံမှာပြထားတဲ့အနေအထားအတိုင်းစနေပြီး လက်နှစ်ဖက်ကို ခေါင်းနောက်ပစ်ထားပါ။ ပြီးရင် ခေါင်းကို ဟိုဘက်လှည့်၊ ဒီဘက်လှည့်နဲ့ အကြိမ် ၃၀ လုပ်ပေးရမှာပါ။ ၁၀ ကြိမ်ဆက်တိုက်လုပ်ပြီးရင် ၁ မိနစ်လောက်နား၊ ပြီးရင် ပြန်လုပ်ပါ။

ပုံမှာပြထားတဲ့အတိုင်း လေ့ကျင့်ခန်းလုပ်ရပါမယ်။ တစ်ဖက်ကို ၁၀ ကြိမ်စီနဲ့ ဘယ်၊ ညာတစ်လှည့်စီ အကြိမ် ၃၀ ပြည့်အောင် လုပ်ရပါမယ်။ ဒါဆိုရင် တစ်ဖက်ကို အကြိမ် ၃၀ ဆိုတော့ နှစ်ဖက်ဆို အကြိမ် ၆၀ ဖြစ်သွားမှာပါ။

ကြမ်းမှာလှဲပြီး ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကိုလည်း ကြမ်းမှာကပ်ထားပါ။ ခြေထောက်နှစ်ဖက်ကိုတော့ အပေါ်မြှောက်ထားပါ။ ပြီးရင် ဖြေးဖြေးချင်းပြန်ချပါ။ ပြီးရင် ပြန်မြှောက်ပါ။ အဲ့အတိုင်း အကြိမ် ၃၀ ပြည့်အောင်လုပ်ပါ။ ၁၀ ကြိမ်ပြည့်ရင် ၁ မိနစ်နား၊ ပြီးမှဆက်လုပ်လို့ ရပါတယ်။

ပုံမှာပြထားတဲ့ အနေအထားအတိုင်း စက္ကန့် ၆၀ ပြည့်အောင် နေရပါမယ်။ ဒီလိုနေတာက ဗိုက်အဆီတွေ အရမ်းကျစေပါတယ်။

ပုံမှာပြထားတဲ့အတိုင်း ကြမ်းမှာလှဲပြီး လက်နှစ်ဖက်ကလည်း ကြမ်းမှာကပ်ထားပါ။ ခြေထောက်ကိုထောက်ပြီး ခါးကော့ထားပါ။ ပြီးရင် ဖြေးဖြေးချင်း တင်နဲ့ ခါးကို ကြမ်းနဲ့ ပြန်ကပ်ပါ။ ပြီးရင် ခုနကလိုပဲ ပြန်လုပ်ပါ။ အကြိမ် ၂၀ ဆက်တိုက်လုပ်ပြီး ၁ မိနစ်နားပါ။ ပြီးရင် ပြန်လုပ်ပါ။ စုစုပေါင်း အကြိမ် ၆၀ ပြည့်အောင် လုပ်ရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း စက္ကန့် ၆၀ ပြည့်အောင် နေပေးရပါမယ်။ ဘယ်ဘက်လက်နဲ့ထောက်ပြီး စက္ကန့် ၆၀ ပြည့်အောင်နေ၊ ပြီးရင် ညာဘက်လက်နဲ့ထောက်ပြီး စက္ကန့် ၆၀ ပြည့်အောင် နေရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်းရအောင်လုပ်ပြီး စက္ကန့် ၃၀ နေပေးရပါမယ်။ အဲ့လိုနေတဲ့အချိန်မှာ အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်းရှူထုတ် လုပ်ပေးပါ။

နောက်ဆုံး ယောဂလေ့ကျင့်ခန်းမှာလည်း ပုံမှာပြထားတဲ့အနေအထားအတိုင်း ရအောင်ကြိုးစားပြီးလုပ်ကြည့်ပါ။ ဒါက နည်းနည်းတော့ ခက်ပါလိမ့်မယ်။ အဲ့အနေအထားနဲ့ စက္ကန့် ၃၀ ရအောင် နေပေးရပါမယ်။

Source: www.brightside.me