လက်သည်းပုံဖော်ရတာ ဝါသနာပါတဲ့သူတွေအတွက် အိမ်မှာအလွယ်တကူ ပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်း ၁၂ မျိုးကို မျှဝေပေးလိုက်ပါတယ်။ တစ်ခါတစ်လေ ပိုက်ဆံအကုန်အကျ သက်သာအောင် ဆိုင်သွားမလုပ်ချင်တဲ့အခါ အိမ်မှာလုပ်လို့ရအောင် ဒီလက်သည်းဒီဇိုင်းလေးတွေကို try ကြည့်နော်။

အမြင်အရ နည်းနည်းရှုပ်သလိုဖြစ်နေလို့ ခက်တယ်ထင်ရပေမယ့် ပုံဖော်ရတာ လွယ်တကူတဲ့ ဒီဇိုင်းပါ။ လှလည်းလှပါတယ်။

ပန်းပွင့်ပုံကို ကြီးကြီးလေးနဲ့ ဆန်းအောင်ပုံဖော်ထားတာဖြစ်လို့ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင်လည်း ပုံဖော်ရတာလွယ်ကူပါတယ်။ ရှင်းရှင်းလေးနဲ့ လှလည်းလှပါတယ်။

အသည်းပုံအထပ်လေးတွေပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ယုန်နားရွက်ပုံလေးကို ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းကတော့ အရမ်းလွယ်ကူလွန်းပါတယ်။ ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေးပါ။

ကြက်ဥတစ်ပိုင်းပုံလေးကို ပုံဖော်ထားတဲ့ လက်သည်းဒီဇိုင်းလေးတွေပါ။ ချစ်ဖို့ကောင်းပါတယ်။

ပန်းပွင့်ပုံလေးကို ချစ်ဖို့ကောင်းအောင် ပုံဖော်ထားတာပါ။ မိန်းကလေးဆန်ပြီး ပုံဖော်ရတာလည်း လွယ်ကူတဲ့ ဒီဇိုင်းပါပဲ။

ဒီလက်သည်းဒီဇိုင်းဆိုရင် ရှင်းရှင်းလေးနဲ့ နည်းနည်းဆန်းပါတယ်။ ပုံဖော်ရတာလည်း အရမ်းလွယ်ကူပါတယ်။

ပုံဖော်ရတာလွယ်ကူတဲ့အပြင် ကျောက်လေးကပ်လိုက်တော့ ရှင်းရှင်းလေးနဲ့ ပိုလှသွားတဲ့ ဒီဇိုင်းလေးပါ။

အဖြူပေါ်မှာ ရွှေရောင်နဲ့ ဒီဇိုင်းဆွဲထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးက ပုံဖော်ရလွယ်ကူပြီး အရမ်းလှပါတယ်။

ပန်းပွင့်တွေကို ထိပ်မှာတန်းစီပြီးပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ ချစ်ဖို့ကောင်းပါတယ်။

ဝိဉာဉ်ပုံလေးကို ချစ်ဖို့ကောင်းအောင် ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးက ပုံဖော်ရတာ အရမ်းလွယ်ပါတယ်။