[Zawgyi]

သင္ကဘယ္လုိ ဂီတအမ်ဳိးအစားေတြကို စြဲစြဲျမဲျမဲနားေထာင္ေလ့ရွိပါလဲ။သင္နားေထာင္တဲ့ ဂီတအမ်ဳိးအစားကေန သင့္ရဲ႕အေၾကာင္းကိုသိႏိုင္မယ္ဆိုရင္ စိတ္ဝင္စားပါသလား။ကိုယ္ဟာ ဖန္တီးႏိုင္စြမ္းျမင့္မားတဲ့သူလား၊ ယဥ္ေက်းသိမ္ေမြ႔တဲ့သူလား၊ ဒါမွမဟုတ္ တစ္ကိုယ္ေကာင္းဆန္တတ္တဲ့သူလားဆိုတာကို သင္ႀကိဳက္ႏွစ္သက္တဲ့ ဂီတအမ်ိဳးအစားကို ေဖာ္ျပေပးႏိုင္ပါတယ္။

Pop

Source : EyeEm

အျခားေသာ ဂီတခ်စ္သူေတြနဲ႔ ယွဥ္လိုက္တဲ့အခါ ေပါ့ဂီတခ်စ္သူေတြက ဖန္တီးႏိုင္စြမ္းမ႐ွိဘဲ စိုးရိမ္ပူပန္ေၾကာင့္ၾကတတ္ေလ့႐ွိပါတယ္။ ဒါေပမဲ့ သူတို႔က ေပါင္းသင္းဆက္ဆံေရးေကာင္းမြန္ၿပီး မိမိကိုယ္ကို ယံုၾကည္အားကိုးစိတ္လည္း ႐ွိၾကပါတယ္။ သူတို႔ေတြက သီခ်င္းတစ္ပုဒ္တည္းကို ထပ္တလဲလဲ နားေထာင္ရတာကိုလည္း ႀကိဳက္ႏွစ္သက္ၾကပါတယ္။ ဒီလိုနားေထာင္ျခင္းအားျဖင့္ မိမိရဲ႕စိတ္ခံစားခ်က္ကို ေကာင္းမြန္ေအာင္ လုပ္ေဆာင္ႏိုင္တယ္လို႔ ယံုၾကည္ၾကပါတယ္။

Rock

Source : FlipTix

ေရာ့ခ္ ဂီတကို အမ်ိဳးအစားထပ္ခြဲၾကည့္လိုက္တဲ့အခါ Classic ေရာ့ခ္ခ်စ္သူေတြက အလုပ္ႀကိဳးစားၾကၿပီး ေသာက ကင္းေဝးတဲ့သူေတြျဖစ္ၾကပါတယ္။ ဒါေပမဲ့ တစ္ကိုယ္ေကာင္းဆန္စိတ္ကိုေတာ့ တတ္ႏိုင္သမွ် ေဖ်ာက္ဖ်က္ပစ္သင့္ပါတယ္။ ပန္႔ခ္ ေရာ့ခ္ခ်စ္သူေတြကေတာ့ အၿမဲတမ္းတက္ၾကြလန္းဆန္းၿပီး စြမ္းအင္ျပည့္ဝေနၾကသူေတြျဖစ္ပါတယ္။ ဒါေပမဲ့ ကိုယ္ခ်င္းစာစိတ္ကို မ်ားမ်ားေမြးျမဴသင့္ပါတယ္။

Jazz And Blue

Source : Depositphotos

ဂႏၱဝင္သီခ်င္းခ်စ္သူေတြလိုပဲ ဂ်က္ဇ္နဲ႔ ဘလူးေတးဂီတခ်စ္သူေတြက ဖန္တီးႏိုင္စြမ္းအားျမင့္မားပါတယ္။ ဒါ့အျပင္ ပြင့္ပြင့္လင္းလင္းသမားေတြျဖစ္ၿပီး ဆင္ျခင္ေတြးေတာႏိုင္စြမ္းလည္း ေကာင္းမြန္ပါတယ္။

Heavy Metal

Source : Sports Media Challenge

သီခ်င္းအမ်ိဳးအစားေျမာက္ျမားစြာထဲကမွ Heavy Metal ကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ေတာ့ သင္က ဖန္တီးႏိုင္စြမ္း ျမင့္မားတဲ့သူတစ္ေယာက္ပါ။ စိတ္ပညာ႐ွင္ Adrian North ရဲ႕ သံုးႏွစ္သံုးမိုးၾကာ ေလ့လာခ်က္အရ Heavy Metal ေတြကို လူငယ္အမ်ားစုက ႀကိဳက္ႏွစ္သက္ၾကၿပီး သူတို႔မွာ ႏူးညံ့ေပ်ာ့ေပ်ာင္းတဲ့စိတ္ေနစိတ္ထား ပိုင္ဆိုင္ၾကတယ္လို႔ ေျပာထားပါတယ္။

Hip Hop

Source : civicscience.com

ဟစ္ေဟာ့သီခ်င္းေတြက စည္းခ်က္ဝါးခ်က္ညီညီနဲ႔ စြမ္းအင္အကုန္ထုတ္သံုးၿပီး သီဆိုရတဲ့ဂီတအမ်ိဳးအစားပါ။ ဆို႐ံုနဲ႔ မၿပီးေသးဘဲ အလိုက္သင့္ ကခုန္ေနရပါေသးတယ္။ ေလ့လာခ်က္အရ ဟစ္ေဟာ့ပရိသတ္ေတြက ေပါင္းသင္းဆက္ဆံေရး ေကာင္းမြန္ၾကၿပီး မိမိကိုယ္ကို ယံုၾကည္ခ်က္ျမင့္မားသူေတြဆိုလည္း မမွားပါဘူး။

Classic

Source : susie-moore.com

Classic ေတးသီခ်င္းေတြကို ႀကိဳက္ႏွစ္သက္သူေတြက တစ္သီးတစ္သန္႔ ဘာသိဘာသာေနရတာကို ႀကိဳက္ႏွစ္သက္သူေတြျဖစ္ပါတယ္။ မိမိကိုယ္ကို ယံုၾကည္စိတ္ျမင့္မားသူေတြလည္းျဖစ္သလို တီထြင္ႀကံဆႏိုင္စြမ္းလည္း ေကာင္းမြန္ၾကပါတယ္။ ဒါ့အျပင္ Classic သီခ်င္းႀကိဳက္ႏွစ္သက္သူေတြက အသက္အရြယ္အရ ရင့္က်က္သူေတြျဖစ္ၿပီး ပိုက္ဆံ႐ွာရာမွာလည္း ကြ်မ္းက်င္မႈ႐ွိၾကပါတယ္။

Country

Source : FreeDesignFile

Country ေတးဂီတသီခ်င္းခ်စ္သူေတြကေတာ့ ဟန္ေဆာင္မႈကင္းမဲ့ၾကၿပီး စာနာစိတ္လည္း အင္မတန္ျမင့္မားၾကပါတယ္။ သူတို႔ေတြက အလုပ္ႀကိဳးစားတဲ့အျပင္ ေပါင္းသင္းဆက္ဆံေရးလည္း ေကာင္းမြန္ၾကပါတယ္။

အခုေျပာျပသြားတဲ့အခ်က္ေတြနဲ႔ စာဖတ္သူတို႔ရဲ႕ စိတ္ေနစိတ္ထား ကိုက္ညီမႈ႐ွိရဲ႕လား။

[Unicode]

သင်ကဘယ်လို ဂီတအမျိုးအစားတွေကို စွဲစွဲမြဲမြဲနားထောင်လေ့ရှိပါလဲ။သင်နားထောင်တဲ့ ဂီတအမျိုးအစားကနေ သင့်ရဲ့အကြောင်းကိုသိနိုင်မယ်ဆိုရင် စိတ်ဝင်စားပါသလား။ကိုယ်ဟာ ဖန်တီးနိုင်စွမ်းမြင့်မားတဲ့သူလား၊ ယဉ်ကျေးသိမ်မွေ့တဲ့သူလား၊ ဒါမှမဟုတ် တစ်ကိုယ်ကောင်းဆန်တတ်တဲ့သူလားဆိုတာကို သင်ကြိုက်နှစ်သက်တဲ့ ဂီတအမျိုးအစားကို ဖော်ပြပေးနိုင်ပါတယ်။

Pop

Source : EyeEm

အခြားသော ဂီတချစ်သူတွေနဲ့ ယှဉ်လိုက်တဲ့အခါ ပေါ့ဂီတချစ်သူတွေက ဖန်တီးနိုင်စွမ်းမရှိဘဲ စိုးရိမ်ပူပန်ကြောင့်ကြတတ်လေ့ရှိပါတယ်။ ဒါပေမဲ့ သူတို့က ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး မိမိကိုယ်ကို ယုံကြည်အားကိုးစိတ်လည်း ရှိကြပါတယ်။ သူတို့တွေက သီချင်းတစ်ပုဒ်တည်းကို ထပ်တလဲလဲ နားထောင်ရတာကိုလည်း ကြိုက်နှစ်သက်ကြပါတယ်။ ဒီလိုနားထောင်ခြင်းအားဖြင့် မိမိရဲ့စိတ်ခံစားချက်ကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။

Rock

Source : FlipTix

ရော့ခ် ဂီတကို အမျိုးအစားထပ်ခွဲကြည့်လိုက်တဲ့အခါ Classic ရော့ခ်ချစ်သူတွေက အလုပ်ကြိုးစားကြပြီး သောက ကင်းဝေးတဲ့သူတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ တစ်ကိုယ်ကောင်းဆန်စိတ်ကိုတော့ တတ်နိုင်သမျှ ဖျောက်ဖျက်ပစ်သင့်ပါတယ်။ ပန့်ခ် ရော့ခ်ချစ်သူတွေကတော့ အမြဲတမ်းတက်ကြွလန်းဆန်းပြီး စွမ်းအင်ပြည့်ဝနေကြသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်ချင်းစာစိတ်ကို များများမွေးမြူသင့်ပါတယ်။

Jazz And Blue

Source : Depositphotos

ဂန္တဝင်သီချင်းချစ်သူတွေလိုပဲ ဂျက်ဇ်နဲ့ ဘလူးတေးဂီတချစ်သူတွေက ဖန်တီးနိုင်စွမ်းအားမြင့်မားပါတယ်။ ဒါ့အပြင် ပွင့်ပွင့်လင်းလင်းသမားတွေဖြစ်ပြီး ဆင်ခြင်တွေးတောနိုင်စွမ်းလည်း ကောင်းမွန်ပါတယ်။

Heavy Metal

Source : Sports Media Challenge

သီချင်းအမျိုးအစားမြောက်မြားစွာထဲကမှ Heavy Metal ကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ သင်က ဖန်တီးနိုင်စွမ်း မြင့်မားတဲ့သူတစ်ယောက်ပါ။ စိတ်ပညာရှင် Adrian North ရဲ့ သုံးနှစ်သုံးမိုးကြာ လေ့လာချက်အရ Heavy Metal တွေကို လူငယ်အများစုက ကြိုက်နှစ်သက်ကြပြီး သူတို့မှာ နူးညံ့ပျော့ပျောင်းတဲ့စိတ်နေစိတ်ထား ပိုင်ဆိုင်ကြတယ်လို့ ပြောထားပါတယ်။

Hip Hop

Source : civicscience.com

ဟစ်ဟော့သီချင်းတွေက စည်းချက်ဝါးချက်ညီညီနဲ့ စွမ်းအင်အကုန်ထုတ်သုံးပြီး သီဆိုရတဲ့ဂီတအမျိုးအစားပါ။ ဆိုရုံနဲ့ မပြီးသေးဘဲ အလိုက်သင့် ကခုန်နေရပါသေးတယ်။ လေ့လာချက်အရ ဟစ်ဟော့ပရိသတ်တွေက ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ကြပြီး မိမိကိုယ်ကို ယုံကြည်ချက်မြင့်မားသူတွေဆိုလည်း မမှားပါဘူး။

Classic

Source : susie-moore.com

Classic တေးသီချင်းတွေကို ကြိုက်နှစ်သက်သူတွေက တစ်သီးတစ်သန့် ဘာသိဘာသာနေရတာကို ကြိုက်နှစ်သက်သူတွေဖြစ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်စိတ်မြင့်မားသူတွေလည်းဖြစ်သလို တီထွင်ကြံဆနိုင်စွမ်းလည်း ကောင်းမွန်ကြပါတယ်။ ဒါ့အပြင် Classic သီချင်းကြိုက်နှစ်သက်သူတွေက အသက်အရွယ်အရ ရင့်ကျက်သူတွေဖြစ်ပြီး ပိုက်ဆံရှာရာမှာလည်း ကျွမ်းကျင်မှုရှိကြပါတယ်။

Country

Source : FreeDesignFile

Country တေးဂီတသီချင်းချစ်သူတွေကတော့ ဟန်ဆောင်မှုကင်းမဲ့ကြပြီး စာနာစိတ်လည်း အင်မတန်မြင့်မားကြပါတယ်။ သူတို့တွေက အလုပ်ကြိုးစားတဲ့အပြင် ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်ကြပါတယ်။

အခုပြောပြသွားတဲ့အချက်တွေနဲ့ စာဖတ်သူတို့ရဲ့ စိတ်နေစိတ်ထား ကိုက်ညီမှုရှိရဲ့လား။