ကိုယ်နဲ့လက်ရှိတွဲနေတဲ့ရည်းစားက ဖောက်ပြန်သွားတဲ့အခါ တချို့ကတော့ စိတ်နာပြီး ချက်ချင်းပြတ်နိုင်ပေမယ့် တချို့ကျတော့ အရမ်းချစ်ပြီး လက်မလွှတ်နိုင်ပဲ ခံစားနေရတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖောက်ပြန်ပြီဆိုထဲက ဒီလူနဲ့ဆက်တွဲဖို့ မစဉ်းစားသင့်တော့ပါဘူး။ ဒါကြောင့် ဖောက်ပြန်သွားတဲ့ ရည်းစားနဲ့ပတ်သက်ပြီး မပြုလုပ်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

တွယ်ကပ်မနေပါနဲ့

ပထမဆုံး အရေးကြီးတာကတော့ တွယ်ကပ်မနေဖို့ပါပဲ။ ကိုယ်ကလည်း ဖောက်ပြန်ခံရသေးတယ်၊ ကိုယ်ကပြန်ပြီး တွယ်ကပ်နေမယ်ဆိုရင် မာနအကြိမ်ကြိမ် ထိခိုက်ပါတယ်။ ဒီလူတစ်ယောက်ထဲရှိတာ မဟုတ်ပါဘူး။ တောင်းပန်ခံရရင်တောင် မလုံလောက်တဲ့ အခြေအနေမျိုးမှာ ကိုယ့်ကိုထားမသွားဖို့ ကိုယ်ကပြန်တောင်းပန်ပြီး တွယ်ကပ်နေရတာမျိုး မဖြစ်ပါစေနဲ့။

သူ့လိုပြန်မလုပ်ပါနဲ့

သူတောင်ဖောက်ပြန်သေးတာပဲ ငါလည်း သူ့လိုပြန်လုပ်မယ်ဆိုပြီး တခြားသူတွေနဲ့တွဲပြတာမျိုးတွေ မလုပ်ပါနဲ့။ ဖောက်ပြန်တယ်ဆိုရင် လမ်းခွဲလိုက်ပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက်ပါ။ နောက်ထပ် သူ့ထက်သာတဲ့သူတွေနဲ့ တွဲလို့ရပါတယ်။

ကိုယ့်ကိုယ်ကိုထိခိုက်အောင်မလုပ်ပါနဲ့

ကိုယ်အရမ်းချစ်တဲ့သူဆီက ဖောက်ပြန်ခံရရင် စိတ်ထိခိုက်ကြေကွဲပြီး ခံစားရတာမှန်ပေမယ့်လည်း ကိုယ့်ကိုယ်ကိုတော့ ထိခိုက်အောင်မလုပ်ပါနဲ့။ စိတ်ရှိသလောက် ပေါက်ကွဲပြီး ငိုချင်သလောက် ငိုချလိုက်ပါ။ ကိုယ့်ကိုယ်ကို ထိခိုက်အောင်လုပ်တာမျိုးတော့ ဘယ်တော့မှ မဖြစ်ပါစေနဲ့။

ကိုယ်ထိလက်ရောက်မလုပ်ပါနဲ့

ဖောက်ပြန်တဲ့သူက သူ့ထိုက်နဲ့သူကံ သွားပါစေ ကိုယ်လည်း ကိုယ့်လမ်းကိုယ်ဆက်လျှောက်ပါ။ ဒေါသထွက်ပြီး ကိုယ်ထိလက်ရောက် သွားလုပ်တာ၊ ရိုက်တာမျိုးတွေ မလုပ်မိပါစေနဲ့။ သူ့အမှားကနေ ကိုယ့်အမှားဖြစ်သွားမယ့်ကိစ္စမျိုး အဖြစ်မဖြစ်ပါနဲ့။ ဒါကြောင့် အတတ်နိုင်ဆုံး ကိုယ့်စိတ်ကိုယ်ထိန်းပါ။