ရာသီဥတုပူတဲ့နေ့မှာ မိတ်ကပ်ပြင်မယ်ဆိုရင် အထူကြီးတွေမပြင်တာ ပိုကောင်းပါတယ်။ ပိုပူပြီး ချွေးထွက်ရင်လည်း ကြည့်ရဆိုးစေပါတယ်။ အခန့်မသင့်ရင် ဝက်ခြံတွေထွက်လာတာမျိုးတောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးတွေမဖြစ်ရလေအောင် ရာသီဥတုပူတဲ့နေ့မှာ မိတ်ကပ်ပြင်မယ်ဆိုရင် သုံးသင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

Skincare လိမ်းပါ

အရေးကြီးတာက Skincare သေချာလိမ်းဖို့ပါပဲ။ Toner, Moisturizer သေချာလိမ်းပေးပါ။ ရာသီဥတုပူနေရင် Serum Step ကိုတော့ မလိမ်းပဲထားလိုက်တာ ပိုကောင်းပါတယ်။

Sunscreen သေချာလိမ်းပါ

ရာသီဥတုပူတဲ့နေ့မှာဆိုရင် မနက် ၉ နာရီကနေ ညနေ ၄ နာရီအတွင်းကို Sunscreen သေချာလိမ်းရပါမယ်။ ကိုယ်သုံးတဲ့ Foundation မှာ SPF ပါပြီးသားဆိုပြီး Sunscreen မလိမ်းတာမျိုး မလုပ်ပါနဲ့။ Sunscreen ကိုသေချာလိမ်းပြီး ဖြစ်နိုင်ရင် ၄ နာရီခြားတစ်ခါ Reapply လုပ်လို့ရအောင် Sun Spray ကို သွားလေရာသယ်သွားပါ။

Primer လိမ်းပါ

မိတ်ကပ်လိမ်းထားတာ ကြာရှည်ခံပြီး ချွေးပေါက်တွေကိုလည်း ဖုံးနိုင်အောင်လို့ Primer လိမ်းပေးဖို့လည်း လိုအပ်ပါတယ်။

Foundation ပါးပါးပဲလိမ်းပါ

Foundation ကိုတော့ အထူးကြီးမလိမ်းပဲ ပါးပါးပဲလိမ်းပါ။ Liquid Foundation လိမ်းတာကတော့ ပိုပြီး Lightweight ဖြစ်စေမှာပါ။

Setting powder or Powder pact သုံးပါ

လိမ်းထားတာတွေကို သိပ်သိပ်လေးဖြစ်သွားအောင် ညီညာသွားအောင် Setting powder or Powder pact သုံးပါမယ်။ ဒါလည်း လိမ်းတဲ့အခါမှာ အထူကြီးတွေမလိမ်းပါနဲ့။

Eyeshadow အများကြီးမခြယ်ပါနဲ့

Eyeshadow ကို အရမ်းအများကြီးခြယ်တာမျိုးမလုပ်ပဲ Natural Look လေးတွေပဲ ပြင်ဆင်ခြယ်သတာက ပူအိုက်တဲ့နေ့တွေနဲ့ ပိုပြီးတော့ လိုက်ဖက်ပါတယ်။ မဲနက်တဲ့အရောင်တွေ၊ ခဲရောင်၊ အညိုရောင်တွေကို ရှောင်တာတော့ ပိုကောင်းပါတယ်။ ချွေးထွက်ပြီးပျက်ရင် မျက်ကွင်းညိုတာမျိုးတွေ ဖြစ်တတ်လို့ပါ။

နှုတ်ခမ်းနီဆိုးပါ

ဘာမှမပြင်ဆင်ထားရင်တောင်မှာ နှုတ်ခမ်းနီဆိုးလိုက်ရင် မျက်နှာလေးလင်းပြီး လှသွားပါပြီ။ ဒါကြောင့် နှုတ်ခမ်းနီဆိုးပါ။

Setting spray ဖြန်းပါ

မိတ်ကပ်သားကြွတက်ပြီး ကြာရှည်ခံအောင် Setting spray ဖြန်းပေးပါ။ Facial Spray ကို ဖြန်းပေးတာလည်း ကောင်းပါတယ်။ မျက်နှာအသားအရေ Hydration ရစေတာပေါ့။