Bff တွေကြားမှာ ဘယ်တော့မှမမေ့နိုင်ပဲ ပျော်ရွှင်ကြည်နူးရတဲ့ အမှတ်တရလေးတွေဖြစ်အောင်လို့ ဒီအရာလေးတွေကို စုပြီးလုပ်ကြည့်သင့်ပါတယ်။

ခရီးသွားပါ

ကိုယ့်ရဲ့အခင်ဆုံး၊ အချစ်ဆုံး သူငယ်ချင်းတွေစုပြီး ခရီးရက်ရှည်သွားကြည့်ပါ။ ခရီးသွားမှ တစ်ယောက်အကြောင်း တစ်ယောက်ပိုသိပြီး သံယောဇဉ်ပိုဖြစ်လာမယ်။ ဘယ်တော့မှမမေ့နိုင်တဲ့ အမှတ်တရတွေရစေမယ်။ Stress တွေအကုန်မေ့ပြီး အရမ်းပျော်စရာကောင်းမှာပါ။

Campaign လုပ်ပါ

ခရီးသွားတာနဲ့ Campaign လုပ်တာနဲ့က ခံစားချက်ကွာပါတယ်။ BFF တွေစုပြီး တောထဲမှာပဲဖြစ်ဖြစ်၊ တောင်ပေါ်မှာပဲဖြစ်ဖြစ် Tent လေးထိုးပြီး အကင်တွေကင်စားကြ၊ မီးပုံပွဲလုပ်ကြ၊ ဂစ်တာတီးပြီး သီချင်းတွေဆိုကြ၊ ဂိမ်းတွေကစားကြနဲ့ အရမ်းကို ပျော်စရာကောင်းပါတယ်။

အလှူလုပ်ပါ

သူငယ်ချင်း BFF တွေစုပြီး အလှူလုပ်ကြည့်ပါ။ အလှူလုပ်ရင်ရတဲ့ပီတိက ဘာနဲ့မှကိုမတူပါဘူး။ ကိုယ်ချစ်ရတဲ့သူငယ်ချင်း BFF တွေနဲ့ ကိုယ်တတ်နိုင်သလောက်လေးတွေစုပြီး လုပ်ကြည့်ပါ။ ဘယ်တော့မှမမေ့နိုင်တဲ့ အမှတ်တရတစ်ခု ဖြစ်နေမှာပါ။

တူတူစုပြီးနေကြည့်ပါ

ဘယ်မှမသွားပဲ အိမ်တစ်အိမ်မှာ သူငယ်ချင်းတွေစုပြီး မုန့်လုပ်စားကြ၊ အရက်ကြိုက်ရင် အရက်တွေသောက်ကြ၊ စကားတွေပြောပြီး သီချင်းတွေဆိုကြ၊ ကခုန်ကြ၊ ရုပ်ရှင်တွေကြည့်ကြနဲ့ဆို အရမ်းကိုပျော်စရာကောင်းမှာပါ။

photo source: www.freepik.com