တခြားသူအတွက်မဟုတ်ပဲ ကိုယ့်အတွက်ကိုယ် ကြိုစားပြီး ပြောင်းလဲလိုက်သင့်တဲ့အရာတွေ ရှိပါတယ်။ နှစ်သစ်လဲဖြစ်နေပြီဆိုတော့ အရင်နဲ့မတူပဲ စိတ်ချမ်းသာမှုရရှိအောင် ကိုယ့်အတွက် အကျိုးရှိအောင် ဒီအရာတွေကို စတင်ပြီးတော့ ကြိုးစားပြောင်းလဲကြည့်လိုက်နော်။

မလိုအပ်ပဲပိုက်ဆံမသုံးဖို့

မလိုအပ်ပဲပိုက်ဆံကိုမသုံးမိအောင် ထိန်းဖို့က အရေးအကြီးဆုံးပါပဲ။ ဒါမှ ပိုက်ဆံစုနိုင်မှာပါ။ လိုချင်တိုင်း အကုန်ဝယ်နေမယ်၊ သုံးနေမယ်ဆိုရင် ပိုက်ဆံက ဘယ်တော့မှလောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်အတွက်ကိုယ် ကြိုးစားပြီးပြောင်းလဲရမယ့်အထဲမှာ ဒီအချက်က ထိပ်ဆုံးကပါပဲ။

ဒေါသထွက်တိုင်းစိတ်ထင်တိုင်းမလုပ်ဖို့

ဒေါသထွက်တိုင်းမှာ စိတ်မထိန်းနိုင်ပဲ ထင်ရာစိုင်းရင် ကိုယ်ပဲထိခိုက်တာပါ။ ဒါကြောင့် ဒေါသကြီးတဲ့သူတွေ၊ ဒေါသမထိန်းနိုင်တဲ့သူတွေဆိုရင် ဒေါသထွက်တိုင်း စိတ်မထိန်းနိုင်ပဲ စိတ်ထင်တိုင်း လျှောက်လုပ်တတ်တာကိုလည်း ပြင်ရပါမယ်။

ကိုယ့်ကိုမချစ်တဲ့သူတွေကိုဆွဲမထားဖို့

ကိုယ့်ကိုမချစ်တဲ့သူတွေကိုလည်း ဆွဲမထားပါနဲ့တော့။ ကိုယ့်ကိုယ်ကိုပိုချစ်ပြီး ကိုယ့်ကိုချစ်တဲ့သူတွေအပေါ်မှာပဲ ပိုကောင်းပေးလိုက်ပါ။ အရင်က ကိုယ့်ကိုမချစ်တော့တဲ့သူကို ဆွဲထားပြီး ဖက်တွယ်နေမိတယ်ဆိုရင် အခုကစပြီး ဒီအရာကိုလည်း ကြိုးစားပြောင်းလဲသင့်ပါပြီ။

ကိုယ့်ကိုနာကျင်စေတဲ့အရာတွေကိုလွှတ်ချဖို့

ကိုယ့်အတွက်ကို ကြိုးစားပြီးပြောင်းလဲသင့်တဲ့ထဲမှာ ကိုယ့်ကိုနာကျင်စေတဲ့အရာတွေကို လွှတ်ချတတ်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ့်ကိုနာကျင်စေတဲ့အရာမှန်း သိသိရက်နဲ့ ဖမ်းဆုပ်ထားရင် ကိုယ်ပဲနာကျင်ခံစားရမှာပါ။ ပျော်ရွှင်ချင်ရင် ဒီအရာကို ပြောင်းလဲရပါမယ်။

အရာရာကိုလိုက်မခံစားဖို့

တစ်ခုခုဆို ခံစားလွယ်တဲ့သူတွေအတွက်တော့ ကြိုးစားပြီးပြောင်းလဲရမယ့်နောက်တစ်ခုက အရာရာကို လိုက်မခံစားဖို့ပါပဲ။ အရာရာကို လိုက်ခံစားနေရင် ဘယ်တော့မှ ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ အကြောင်းတစ်ခုမဟုတ် တစ်ခုနဲ့ စိတ်ဆင်းရဲနေရမှာပါ။

Overthinking မဖြစ်ဖို့

နောက်ဆုံးအနေနဲ့ ကိုယ့်အတွက်ကို ကြိုးစားပြီး ပြောင်းလဲသင့်တဲ့အရာကတော့ Overthinking မဖြစ်ဖို့ပါပဲ။ Overthinking ဖြစ်ရင် တစ်ချိန်လုံး ပူလောင်နေရပါလိမ့်မယ်။ နည်းနည်းလေးစိတ်ညစ်စရာရှိရင်တောင် အလွန်အကျွံစိတ်ညစ်စရာ ဖြစ်သွားအောင် လုပ်နိုင်တာ Overthinking ပါပဲ။ ဒါကြောင့် Overthinking မဖြစ်အောင် ကြိုးစားပြောင်းလဲရပါမယ်။