အပြည့်အဝ Healing မဖြစ်သေးတဲ့အခါ အမြဲတမ်းမဟုတ်တောင်မှ တစ်ခါတစ်လေကျရင် အရမ်းချစ်ခဲ့ရတဲ့ ရည်းစားဟောင်းကို သတိရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်စိတ်ကိုပြန်ထိန်းချုပ်ပြီး အဆင်ပြေအောင်နေရပါမယ်။ ကိုယ့်ကိုယ်ကို ပိုပြီးစိတ်ပင်ပန်းအောင် မလုပ်သင့်ပါဘူး။ အထူးသဖြင့် ရည်းစားဟောင်းကို သတိရတဲ့အချိန်မှာ ဒီအရာတွေကို မလုပ်သင့်ပါဘူး။

အသည်းကွဲသီချင်းတွေနားမထောင်ပါနဲ့

အသည်းကွဲနေတဲ့အချိန်တို့၊ ရည်းစားဟောင်းကို သတိရနေတဲ့အချိန်တို့မှာ အသည်းကွဲသီချင်းတွေနားထောင်ရင် တိုက်ဆိုင်မှုတွေကြောင့် ပိုဝမ်းနည်းပြီး နာကျင်ရပါတယ်။ စိတ်မခိုင်တဲ့သူဆို အရမ်းနာကျင်ခံစားရပြီး ငိုရနိုင်ပါတယ်။

အမှတ်တရတွေပြန်မတွေးပါနဲ့

ရည်းစားဟောင်းကို သတိရတဲ့အချိန်မှာ အမှတ်တရတွေကို ပြန်တွေးနေရင် ပိုသတိရပြီး ဝမ်းနည်းလာမယ်၊ ပိုနာကျင်ရပါမယ်။ ဒီတော့ အမှတ်တရတွေပြန်တွေးမယ့်အစား သူကိုယ့်ကို ဘယ်လိုနာကျင်အောင် လုပ်ခဲ့လဲဆိုတာကိုသာ ပြန်စဉ်းစားလိုက်ပါ။

တစ်ယောက်ထဲမနေပါနဲ့

စိတ်ပျော့တဲ့သူဆိုရင် ရည်းစားဟောင်းကို သတိရလွမ်းဆွတ်နေတဲ့အချိန်မှာ တစ်ယောက်ထဲ အခန်းအောင်းနေတာမျိုးတွေ မလုပ်သင့်ပါဘူး။ အတွေးတွေလွန်ပြီး ပိုဆိုးလာနိုင်ပါတယ်။ ဒီတော့ စိတ်ပြေလက်ပျောက် သူငယ်ချင်းတွေနဲ့ သွားတွေ့တာမျိုး၊ အပြင်သွားတာမျိုးတွေ လုပ်ပေးပါ။

ထိုင်တွေးတာမျိုးမလုပ်ပါနဲ့

သတိရတယ်ဆိုပြီး ထိုင်တွေးနေရင် ပိုနာကျင်ရပါမယ်။ အတွေးတွေများလေ နာကျင်ရလေပါပဲ။ ဒါကြောင့် သတိရတယ်ဆိုရင် စိတ်ပြေလက်ပျောက်ဖြစ်အောင် တစ်ခုခုလုပ်ပါ။ အဲ့အကြောင်းအရာကို မတွေးမိအောင် အာရုံပြောင်းပစ်ပါ။

ဝမ်းနည်းစရာတွေမကြည့်ပါနဲ

ရည်းစားဟောင်းကို သတိရနေတဲ့အချိန်၊ အသည်းကွဲနေတဲ့အချိန်တွေမှာဆိုရင် ဝမ်းနည်းစိတ်က အလိုလိုဝင်နေတဲ့အတွက် ဘာမြင်မြင် ဝမ်းနည်းပြီး ငိုချင်နေမှာပါ။ အဲ့လိုအချိန်မှာ ဝမ်းနည်းစရာတွေကြည့်ရင် စိတ်ခံစားချက် ပိုဆိုးသွားပါလိမ့်မယ်။