အခုခေတ်က Facebook သုံးပြီဆိုရင် မကျေနပ်တာတွေကိုတင်ပြီး ကိုယ့်အကြောင်းမှန်သမျှကို ဒိုင်ယာရီစာအုပ်ထဲချရေးသလို Status တွေရေးတင်နေကြတာကို တွေ့ရပါတယ်။ ဒီလိုတင်လိုက်တဲ့အတွက် ဘာအကျိုးအမြတ်မှမရသလို ကိုယ့်အတွက်ပဲနစ်နာစေပါတယ်။ တချို့ကျတော့ ကိုယ့်အိမ်တွင်းရေးကိစ္စတွေနဲ့ ကိုယ့်အတွင်းရေးကိစ္စတွေကိုပါ Public မှာ ချပြလေ့ရှိကြပါတယ်။ ဒါဟာ မကောင်းတဲ့အကျင့်တစ်ခုပါ။ ဒါကြောင့် ရင့်ကျက်တဲ့သူတစ်ယောက်အနေနဲ့ Facebook ပေါ်မှာမပြုလုပ်သင့်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်တွင်းရေးကိစ္စ

Source: www.ibtimes.co.uk

အိမ်တွင်းရေးကိစ္စဆိုတာ ကိုယ့်မိသားစုကလွဲလို့ တခြားသူကိုပေးမသိတာ အကောင်းဆုံးပါ။ Facebook ပေါ်မှာတင်လိုက်မယ်ဆိုရင် ကိုယ့်အကောင့်ထဲရှိသမျှလူတွေသိသွားတော့ မကောင်းတဲ့ကိစ္စဆိုလည်း ကိုယ်ပဲအရှက်ရစေပါတယ်။ အိမ်မှာမကျေနပ်တာတွေရှိလာရင် Facebook ပေါ်တက်ပြောတာမျိုးတွေဟာ ကလေးဆန်ပြီး စိတ်ပျက်ဖွယ်အပြုအမူတွေပါ။ ဒါကြောင့် ကိုယ်ပေါင်ကိုယ်လှန်ထောင်းတဲ့အဖြစ်မျိုး ဘယ်တော့မှအဖြစ်မခံပါနဲ့။

အလုပ်ကိစ္စ

Source: thenewsavvy.com

တချို့လူတွေဆိုရင် အလုပ်မှာအဆင်မပြေတာတွေ၊ မကျေနပ်တာတွေကို Facebook ပေါ်တင်ပြီး ပေါက်ကွဲတတ်ကြတယ်။ ဒီလိုတင်လိုက်တော့ နောက်နေ့ကိုယ်အလုပ်သွားတဲ့အခါ မျက်နှာပူစရာတွေဖြစ်တာပေါ့။ အလုပ်ထွက်သွားခဲ့ရင်တောင် ကိုယ်လုပ်ခဲ့တဲ့အလုပ်ရဲ့မကောင်းကြောင်းတွေကို Facebook ပေါ်တင်တာတွေဟာ လုံးဝမကောင်းပါဘူး။ သူများက ကိုယ့်ကိုယ်အထင်သေးသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့် Image ထိခိုက်မယ့်အရာတွေကို မလုပ်ပါနဲ့။

အချစ်ရေးကိစ္စ

Source: www.rd.com

Facebook ပေါ်မှာ တော်တော်များများရေးတာကတော့ အချစ်ရေးကိစ္စတွေပါပဲ။ ကိုယ့်ရည်းစားနဲ့ရန်ဖြစ်တာတွေ၊ ကိုယ့်ရည်းစား ဖောက်ပြန်တာတွေကို Facebook ပေါ်တက်ရေးပြီး အရှက်ခွဲတာ၊ ပေါက်ကွဲတာမျိုးတွေ မလုပ်သင့်ပါဘူး။ သူအရှက်ကွဲအောင်တင်လိုက်ပေမယ့် ကိုယ်တိုင်လည်း အရှက်ကွဲရပါတယ်။ ပြေလည်ရာပြေလည်ကြောင်း နှစ်ဦးထဲပဲညှိနှိုင်းသင့်ပါတယ်။ အခုခေတ်က စနိုက်ကြော်တာတွေလည်း ပေါလာတော့ ရည်းစားနဲ့ပတ်သက်ပြီး ကောင်းတာတွေရှိရင်တောင် မတင်သင့်တော့ပါဘူး။

ငွေရေးကြေးရေးကိစ္စ

Source: www.google.com

ကိုယ့်မှာငွေဘယ်လောက်ရှိတယ်၊ ဘယ်လောက်ချမ်းသာတယ်၊ ကိုယ့်ဝင်ငွေက တစ်လကိုဘယ်လောက်ရှိတယ်ဆိုပြီး တင်တာမျိုးတွေဟာ အန္တရာယ်များပါတယ်။ ဖြစ်နိုင်ရင် မတင်တာအကောင်းဆုံးပါပဲ။

ကိုယ့်အတွင်းရေးကိစ္စ

Source: www.videoblocks.com

ကိုယ့်အကြောင်းမှန်သမျှကို Facebook ပေါ်တက်ရေးပြီး ပြောနေတာမျိုးတွေ မလုပ်ပါနဲ့။ ကိုယ့်အတွင်းရေးကိစ္စဆိုတာ လူတကာကို လိုက်ပြောနေလို့ မကောင်းပါဘူး။ ဒီလိုသာတင်နေမယ်ဆိုရင် ကိုယ်နဲ့ပတ်သက်တဲ့ အကြောင်းတွေကို တကူးတကစုံစမ်းနေစရာမလိုပဲ Facebook ထဲ ဝင်ကြည့်လိုက်တာနဲ့ သိနေရပါပြီ။ ဒါကြောင့် Facebook ပေါ်မှာ ကိုယ့်ကိစ္စမှန်သမျှကို မတင်ပါနဲ့။

Featured Image Source: gadgetsquad.id