Gym မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဝတ်တဲ့အဝတ်အစားကလည်း အရေးကြီးပါတယ်။ သင်ဝတ်တဲ့အဝတ်အစားက လေ့ကျင့်ခန်းလုပ်တဲ့အပေါ် 100 ရာခိုင်နှုန်း သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် Gym မှာ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် ဒါတွေကို ရှောင်ပါ။

100% Cotton အထည်များ

ချည်ထည်တွေက ချွေးအရမ်းစုတ်တာမလို့ ချွေးအရမ်းထွက်တဲ့အချိန်ဆို မျက်နှာသုတ်ပုဝါကို ဝတ်ထားရသလို ဖြစ်နေပါလိမ့်မယ်။ ချွေးစိုတာကို အကြာကြီးဝတ်ထားရင် ဘက်တီးရီးယားပေါက်ဖွားနိုင်ခြေပိုများတာမလို့ ချည်ထည်အစား Fabrics အထည်မျိုး ရွေးဝတ်ပါ။

ဟောင်းနေတဲ့ Sneaker

လေ့ကျင့်ခန်းလုပ်ချိန်မှာ ဝတ်တဲ့ဖိနပ်တွေက အရမ်းဟောင်းနေပြီဆိုရင် ခြေချောင်းတွေမှာ အပေါက်တွေရှိနေရင် ဒါမှမဟုတ် လုံးဝပျက်စီးနေပြီဆိုရင် ဖိနပ်အသစ်ဝယ်ဖို့ လဲဖို့ အချိန်တန်ပါပြီ။

Regular Bras

လေ့ကျင့်ခန်းလုပ်ဖို့ လုံလောက်တဲ့ အထောက်အပံ့ပေးနိုင်တဲ့ ဘရာစီယာကို မဝတ်ထားဘူးဆိုရင် ကြာလာတာနဲ့အမျှ ရင်သးပုံပျက်နိုင်ပါတယ်။ ဒါကြောင့် ရင်သားကို ပုံမပျက်ချင်ဘူးဆိုရင် ပုံမှန် ဘရာစီယာ မဝတ်ပါနဲ့။

လက်ဝတ်ရတနာ

ဆွဲကြိုးက ပြေးတဲ့အခါ မျက်နှာနဲ့လည်ပင်းကို ရိုက်မိနိုင်သလို လက်စွပ်ကလည်း လက်ထဲက အလေးမတဲ့အခါမျိုးမှာ အလေးတုံးက ချော်ထွက်သွားရင် အန္တရာယ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လက်ဝတ်ရတနာတွေကို လော့ခ်ကာခန်းထဲမှာ ထားခဲ့ဖို့စိတ်မချရင် အိမ်မှာထားခဲ့ပါ။

ကြပ်လွန်းတဲ့အဝတ်အစား

လက်နှစ်ဖက်ကို မြှောက်လို့မရအောင် တင်းလွန်း ကြပ်လွန်းတဲ့အဝတ်အစားတွေက လှုပ်ရှားမှုတွေကို ကန့်သတ်ထားသလိုဖြစ်လို့ လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ ကောင်းကျိုးထက် ဆိုးကျိုးပိုပေးနိုင်ပါတယ်။ ဒါကြောင့် လေကျင့်ခန်းလုပ်ချိန်မှာ လှုပ်ရှားလို့ကောင်းတဲ့အဝတ်အစားမျိုး ဝတ်ပါ။

Full Makeup

မိတ်ကပ်လိမ်းတာက နေရာတိုင်းအတွက်လိမ်းလို့ရပေမယ့် အချိန်နဲ့နေရာ ရှိပါတယ်။ အဲ့နေရာမှာ အားကစားခန်းမမပါပါဘူး။ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် နေရောင်ကာခရင်မ်ကလွဲလို့ ဘာမှမလိမ်းထားတဲ့မျက်နှာနဲ့ သွားတာက အကောင်းဆုံးပါပဲ။