Face နဲ့ Body က အတူတူဘဲလို့ထင်ပြီး တချို့အလှကုန်တွေကို အများစုက နှစ်ခုလုံးမှာ သုံးတတ်ကြပါတယ်။ တကယ်တော့ တချို့အလှကုန်တွေက သူ့နေရာနဲ့တော့ အကျိုးရှိပေမယ့် မျက်နှာကို ဘယ်တော့မှ မလိမ်းသင့်တဲ့ ပစ္စည်းတွေရှိပါတယ် ။

Body lotion


Facial Moisturizer နဲ့ Body lotion နှစ်ခုလုံးက အစိုဓာတ်ထိန်းပေးတဲ့ ပစ္စည်းတွေဆိုပေမယ့် ခန္ဓာကိုယ်အတွက်ထုတ်ထားတဲ့ Body lotion ကို မျက်နှာမှာလိမ်းမိရင် ချွေးပေါက်တွေကို ပိတ်သွားစေနိုင်ပါတယ်။

Hairspray

Hairspray မှာက အရေပြားအစိုဓာတ်ကို ဖယ်ရှားတဲ့ အယ်လ်ကိုဟောတွေ ပါဝင်တာမလို့ Hairspray ကို မျက်နှာမှာသုံးမိရင် ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး ယားတာ ၊ ဝက်ခြံပေါက်တာတွေကို ဖြစ်စေနိုင်ပါတယ်။

Lemons

သံပုရာသီးကို DIY နည်းတွေမှာ အများဆုံးတွေ့ရတာမှန်ပေမယ့် မျက်နှာပေါ်တိုက်ရိုက်သုံးမိရင် နေပူထဲ အပြင်ထွက်ရင် အရေပြားတွေ ယာလာနိုင်ပါတယ်။ ဒါကြောင့် သံပုရာသီးကို မျက်နှာပေါ် မတင်သင့်တဲ့အရာတွေ စာရင်းထဲ ထည့်လိုက်ရအောင်။

Hot Water

ရေချိုးတဲ့အခါ ခန္ဓာကိုယ်အတွက် အကောင်းဆုံးရေအပူချိန်က ၁၁၀ ဒီဂရီအောက်ရှိတဲ့ ရေပါ။ ဒါပေမယ့် ပူလွန်းတဲ့ရေက အသားအရေကို ခြောက်သွေ့ယားယံစေသလို ဆံပင်ကိုလည်း ခြောက်စေတဲ့အပြင် သဘာဝအဆီတွေကိုပါ ဖယ်လိုက်တာမလို့ ဆံပင်ကိုလည်း ကြမ်းတမ်းစေပါတယ်။

ပါဝင်ပစ္စည်းမသိရတဲ့ အလှကုန်များ

ပါဝင်ပစ္စည်းတွေကို တိတိကျကျမဖော်ပြထားတဲ့ အလှကုန်တွေက ဘာတွေနဲ့လုပ်ထားမှန်း မသိရသလို မျက်နှာပေါ်မတင်သင့်တဲ့ ပစ္စည်းစာရင်းမှာဆို ထပ်ဆုံးကပါ။

မျက်မှန်

လူတော်တော်များများမေ့နေတာက မျက်နှာပေါ်တင်ရတဲ့ မျက်မှန်ပါ။ မျက်မှန်မှာလည်း ဘက်တီးရီးယားတွေ ၊ အဆီနဲ့ ဖုန်တွေ ကပ်နေနိုင်တာမလို့ ပန်းကန်ဆေးဆပ်ပြာ ရေနွေးနွေးတို့နဲ့ ဖြစ်နိုင်ရင် နေ့တိုင်း မျက်မှန်ကို ဆေးပေးပါ။