Facebook သုံးတဲ့အခါမှာ တော်တော်များများက မကျေနပ်တာတွေကိုတင်ပြီး ကိုယ့်အကြောင်းမှန်သမျှကို status တွေရေးတင်လေ့ရှိကြပါတယ်။ အဲ့ထဲမှာမှ ဒီအကြောင်းအရာ ၅ ခုကိုတော့ facebook ပေါ်မှာ ခဏခဏ မတင်သင့်ပါဘူး။ မွန်းကြပ်လာလို့ ချရေးချင်ရင် note ထဲမှာသာရေးပါ။ စိတ်ပေါ့သွားပါလိမ့်မယ်။

ကိုယ့်အတွင်းရေးအကုန်

ကိုယ့်ရဲ့အတွင်းရေးမှန်သမျှ ဘယ်သူ့မှအပုတ်ချစရာမလိုပဲ ကိုယ်တိုင်ကပဲ facebook ပေါ်ချပြနေတာမျိုးတွေ မလုပ်သင့်ပါဘူး။ Facebook ပေါ်မှာ ကိုယ့်အကြောင်း သိသင့်တာတွေရော၊ မသိသင့်တာတွေရော အကုန်တင်နေမယ်ဆိုရင် ကိုယ်နဲ့ပတ်သတ်တဲ့အကြောင်းတွေကို တကူးတက စုံစမ်းနေစရာမလိုပဲတောင် သိနိုင်နေပါပြီ။

မိသားစုအကြောင်း

ကိုယ့်မိသားစုအကြောင်းအရာတွေ၊ ကိုယ့်အိမ်တွင်းရေးကိစ္စတွေကို မဆိုင်တဲ့တခြားသူတွေကို ပေးမသိတာ အကောင်းဆုံးပါ။ သိသွားတော့လည်း အတင်းပြောစရာတစ်ခုပဲ ဖြစ်သွားပါလိမ့်မယ်။ အိမ်မှာမကျေနပ်တာတွေရှိလာရင် facebook ပေါ်တက်ရေးတာမျိုးတွေက မရင့်ကျက်တဲ့ သူတစ်ယောက်ရဲ့ အပြုအမူတွေပါ။ မကောင်းတဲ့ကိစ္စဆို သူများပြောစရာဖြစ်ပြီး ကိုယ်ပဲအရှက်ရစေပါတယ်။

အချစ်ရေး

တော်တော်များများက ကိုယ့်အချစ်ရေးကိစ္စကို facebook ပေါ်တက်ရေးတာ အများဆုံးပါပဲ။ ဒီလူမကောင်းတာတွေတင်ပြီး ပြန်မတွဲတာလည်းမဟုတ်ဘူး ပြီးရင် ပြန်တွဲအုံးမယ်ဆိုရင်တော့ ကိုယ့်ရည်းစားရော ကိုယ်ရော အရှက်ရစရာဖြစ်သွားတာပဲ ရှိပါမယ်။ ဒါကြောင့် တစ်ခုခုလုပ်တော့မယ်ဆိုရင် စိတ်လက်မာန်ပါမလုပ်ပဲ သေချာစဉ်းစားသင့်ပါတယ်။ အခုခေတ်က ကိုယ့်ရည်းစားနဲ့ပတ်သက်ပြီး ကောင်းတာတွေချည်းတင်ရင်တောင် စနှိုက်ကျော်ခံရတဲ့ခေတ်ဖြစ်နေပါပြီ။

အလုပ်အကြောင်း

အလုပ်နဲ့ပတ်သက်ပြီး မကျေနပ်တာတွေကို facebook ပေါ်တက်မရေးသင့်ပါဘူး။ အလုပ်မှာအဆင်မပြေတာ၊ မကျေနပ်တာတွေရေးပြီး နောက်နေ့အလုပ်သွားတော့ မျက်နှာပူစရာဖြစ်ပါတယ်။ ဒီအလုပ်ကထွက်လို့ပြောတာဆိုလည်း လိုတာထက်ပိုပြောမိရင် ကိုယ့်ကိုအထင်သေးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရာရာ facebook ပေါ်တက်ရေးတာကို ဆင်ခြင်သင့်ပါတယ်။