ကားဆိုတာ ခရီးသွားလာရေးသုံး ယာဉ်တစ်ခုပဲ ဖြစ်သင့်ပါတယ်။ အခုပြောမယ့် ပစ္စည်းတွေကို ကားထဲမှာ ထားခဲ့မိမယ်ဆိုရင် သင့်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံဘေးကင်းမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။

(၁) ဆေးဝါးများ

Photo : WHO Africa

ဆေးပစ္စည်းတွေကို ကားထဲမှာ ချန်ထားခဲ့မယ်ဆိုရင် ကားအတွင်းအပူချိန်ကြောင့် ဆေးအာနိသင်ပြယ်နိုင်တဲ့အပြင် သောက်သုံးသူပါ အန္တရာယ်ရှိ နိုင်ပါတယ်။ ဆေးဝါးတွေကို ပုံမှန်အခန်းအပူချိန် ဒါမှမဟုတ် အေးပြီးခြောက်သွေ့တဲ့ နေရာမှာပဲ ထားသင့်ပါတယ်။

(၂) နေကာခရမ်

Photo : EG Publishing

Sunscreen တွေကလည်း ကားထဲမှာ ထားမခဲ့သင့်တဲ့ ပစ္စည်းထဲမှာ ပါပါတယ်။ အပူချိန်ကြောင့် Sunscreen တွေ ပျော့ပြီး ပျက်စီးသွားနိုင်လို့ ဖြစ်ပါတယ်။

(၃) ရေဗူး

ပလတ်စတစ်ရေဗူးတွေထဲမှာ ပါတဲ့ BPA နဲ့ Phthalates ဓါတုပစ္စည်းတွေဟာ ကင်ဆာနဲ့ နှလုံးရောဂါဖြစ်စေနိုင်တယ်လို့ ယူဆချက်တွေ ရှိနေပါတယ်။ နေပူထဲမှာ ထားခဲ့မယ်ဆိုရင် ပလတ်စတစ်ဗူးထဲက ဒီဓါတုပစ္စည်းတွေ ပြိုကွဲမှု ပိုဆိုးနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကားထဲမှာတော့ ရေသန့်ဗူးတွေ ထားတာက အန္တရာယ်ရှိတယ်လို့ပဲ ယူဆထားသင့်ပါတယ်။

(၄) ပိုက်ဆံအိတ်

Photo : Simbaly

ဒါကတော့ လုံခြုံရေးအတွက်ပါ။ ကားထဲမှာ တန်ဖိုးကြီးပစ္စည်းတွေ ထားခဲ့မယ်ဆိုရင် အန္တရာယ်ရှိပါတယ်။ ပိုက်ဆံအပြင် စာရွက်စာတမ်းများ ၊ ပတ်စ်ပို့နဲ့ အရေးကြီး အထောက်အထားများကိုလည်း ကားထဲမှာ စိတ်ချလက်ချ မထားခဲ့ပါနဲ့။

(၅) မျက်မှန်

Photo : 123RF.com

နေပူပူ ကားမောင်းချိန်မှာ နေကာမျက်မှန်လေး တပ်သွားမှ မျက်စိအေးမှာပါ။ ဒါပေမယ့် ကားရပ်ထားခဲ့ချိန်မှာတော့ မျက်မှန်ကို ကိုယ်နဲ့တစ်ပါတည်း သယ်သွားတာ ပိုကောင်းပါတယ်။ ကား ဒက်ရှ်ဘုတ်ပေါ်မှာ မျက်မှန်ထားခဲ့ခြင်းဟာ နေရောင်ကနေ မှန်ဘီလူးတစ်ခုလို ဖြစ်စေနိုင်လို့ပါ။