နေရာတိုင်းမှာ ကျင့်ဝတ်ရှိသလို Gym မှာလည်း Gym နဲ့ပက်သတ်ပြီး စောင့်ထိ်န်းရမယ့် ကျင့်ဝတ်တွေရှိပါတယ်။ ဒါမှ တခြားလူတွေ ကိုယ့်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရမှာပါ။ ဒါကတော့ တခြားသူတွေကို စိတ်အနှောင့်အယှက်မဖြစ်စေဖို့ စောင့်ထိန်းသင့်တဲ့အရာတွေပါ။

Gym မှာသုံးတဲ့ ဖျာနဲ့ ခုံတန်းတွေကို သုံးပြီးရင် ပေနေတဲ့ ကိုယ့်ရဲ့ချွေးတွေကို သန့်ရှင်းရေးပြန်လုပ်ဖို့ မမေ့ပါနဲ့။ ဘယ်သူမှ ချွေးတွေနဲ့ညစ်ပတ်နေတာကို သုံးချင်မှာမဟုတ်ပါဘူး။

Gym မှာဆော့တဲ့အခါ ဆော့တဲ့သူအချင်းချင်း ခင်မင်တာကောင်းပေမယ့် ဆော့တာနဲ့ပတ်သက်ပြီး ကိုယ်ကသိပ်မကျွမ်းကျင်ဘူးဆိုရင်တော့ အချင်းချင်း အကြံဉာဏ်ပေးတာမျိုးတော့ ရှောင်ပါ။

Workout လုပ်တဲ့အခါ ဝင်ပေါက် ၊ လူသွားစင်္ကြံစတဲ့ ဧရိယာတွေမှာ လုပ်ရင် လမ်းသွားလမ်းလာတွေကိုရော ကိုယ့်ကိုကိုယ်ပါ ထိခိုက်နိုင်တာကြောင့် လမ်းလျှောက်သူမရှိတဲ့ သင့်လျော်တဲ့ နေရာတွေမှာ လေ့ကျင့်ခန်း လုပ်ပါ။

စက်ကို ကိုယ်ကမသုံးသေးဘူးဆိုရင် စက်အနားမှာရပ်နေတာ ထိုင်နေတာ ဥပမာ-ပြေးစက်ပေါ်မှာထိုင်နေတာမျိုး ရှောင်ပါ။ မဟုတ်ရင် စက်ကို တကယ်သုံးမယ့်သူက အားနာပြီး စောင့်နေရတာမျိုး ဖြစ်တတ်ပါတယ်။

လေ့ကျင့်ခန်းလုပ်တဲ့သူနဲ့ နီးနီးကပ်ကပ် လမ်းလျှောက်တာမျိုး ၊ မြင်ကွင်းရှေ့ တည့်တည့်မှာနေတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ ဒါဟာ လေ့ကျင့်ခန်းလုပ်တဲ့သူနှောင့်ယှက်ပြီး ရိုင်းသလို ဖြစ်တတ်ပါတယ်။

Gym မှာသုံးတဲ့ Equipment တွေ ၊ ခုံတွေကို မသုံးခင် သုံးနေတဲ့သူရှိမရှိ အရင်မေးပြီးမှ သုံးတာကလည်း Gym မှာလိုက်နာသင့်တဲ့ ကျင့်ဝတ်တခုပါပဲ။