လူတိုင်း သာယာပျော်ရွှင်တဲ့ အချစ်ရေး အိမ်ထောင်ရေးကိုပဲ အလိုရှိကြပါတယ်။ အထူးသဖြင့် မိန်းကလေးတွေဆိုရင်လည်း တစ်အိုးတစ်အိမ်ထောင်ပဲ ထူထောင်ချင်ကြတာပါ။

ချစ်သူနှစ်ဦး ဆက်ဆံရေးမှာ ကိုယ့်ချစ်သူ အမျိုးသားအပေါ် မိန်းကလေးအနေနဲ့ မလုပ်သင့်တဲ့ အပြုအမူ ၅ မျိုးကို မျှဝေပေးချင်ပါတယ်။

၁။ သူ့ရဲ့ ပြဿနာတွေအားလုံးကို ဖြေရှင်းဖို့ကြိုးစားတယ်။

သူ့ရဲ့ အလုပ်မှာကိစ္စပဲဖြစ်ဖြစ် ငွေကြေးကိစ္စပဲဖြစ်ဖြစ် သင့်အနေနဲ့ အမြဲတမ်း ကူညီဖို့ ဖြေရှင်းပေးဖို့ မကြိုးစားသင့်ပါဘူး။ သူတို့ကိုယ်တိုင်ပဲ ဖြေရှင်းခိုင်းတာကောင်းပါတယ်။ မဟုတ်ရင် သူ့ကိုယ့်သူ အသုံးမကျသူတစ်ယောက်အဖြစ် မြင်နေပြီး သူပျော်တော့မှာမဟုတ်သလို သူ့ရဲ့အနာဂတ်အတွက် တာဝန်ယူမှု တာဝန်ခံမှုလုပ်ဖို့လည်း သူယုံကြည်မှုရှိတော့မှာမဟုတ်ပါဘူး။ သင်ဟာ မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာ သတိရပါ။ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်တဲ့ သူတစ်ယောက်မဟုတ်ဘူးလေ။

၂။ သူ့ကိုအမြဲတမ်း တန်ဖိုးကြီးတဲ့ လက်ဆောင်တွေပဲပေးနေတယ်။

သင့်ချစ်သူတို့မိသားစုက သာမန်မိသားစုပဲဖြစ်ပြီး သင်ကချမ်းသာတဲ့သူဆို ပိုဆိုးပါတယ်။ ဒီလိုမျိုး မလုပ်သင့်ပါဘူး။ လက်ဆောင်ဆိုတာ တန်ဖိုးကြီးမှ တန်ဖိုးရှိတာမဟုတ်ပါဘူး။ တန်ဖိုးထားတတ်တဲ့သူနဲ့ပဲ သက်ဆိုင်ပါတယ်။ သူပေးတဲ့လက်ဆောင်နဲ့ တန်ဖိုးညီမျှတာ သို့ သိပ်မကွာတာကိုပဲ ပေးသင့်ပါတယ်။ မဟုတ်ရင် သူ့ကိုယ်သူ သိမ်ငယ်စိတ်ဖြစ်စေါတယ်။

၃။ သူငိုတဲ့အခါ အမြဲတမ်းလိုလို နှစ်သိမ့်ပေးခြင်း။

အမြဲတမ်းလိုလို သူဝမ်းနည်းတဲ့အချိန်ပဲ သင့်ကို သတိရတတ်တာဟာ သင့်ကို သူချစ်မိသွားတာနဲ့မဆိုင်ပါဘူး။ သင်ဟာ သူဝမ်းနည်းချိန်မှာ တွေ့ဖို့ မိတ်ဆွေကောင်းတစ်ယောက် လောက်သာ ဖြစ်သွားနိုင်ပါတယ်။ သူစိတ်ဆင်းရဲနေတဲ့အခါ စိတ်ညစ်နေတဲ့အခါ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဝင်ရောက်စွက်ဖက်တာမျိုးမဟုတ်ဘဲ အကြံပေးသင့်ပါတယ်။

၄။ ငါနင့်ကို ပြောသားပဲ

ငါနင့်ကို ပြောသားပဲမဟုတ်လားဆိုပြီး ပြောတာက သင်ဟာ သူ့ထက်ပိုပြီးတော်တယ်ဆိုတဲ့ ပုံမျိုး အဓိပ္ပာယ်ဆောင်ပါတယ်။ တစ်ချို့ယောင်္ကျားလေးတွေက အဲဒီလိုမျိုး ခံစားရတာကိုမကြိုက်ပါဘူး။

၅။ သင့်ရဲ့ ကိုယ်ပိုင်ဘဝနဲ့ အလုပ်ကို စွန့်လွတ်လိုက်ခြင်း

ဒါကတော့ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း အလုပ်ကနေ ထွက်တာ မိတ်ဆွေသူငယ်ချင်းတွေကို မဆက်သွယ်တော့တာမျိုး ဖြစ်တတ်ပါတယ်။ အိမ်ထောင်ကျတယ်ဆိုတာ ဒီလိုလုပ်ဖို့အတွက်မဟုတ်ပါဘူး။ မိသားစုဘဝကို ဂရုစိုက်တာကောင်းပါတယ်။ ဒါပေမယ့်ဒီလောက်ထိ လုပ်စရာမလိုပါဘူး။ သင်တို့နှစ်ယောက် သေချာတိုင်ပင်သင့်ပါတယ်။