စကားများကြတယ် စိတ်ဆိုးစိတ်ကောက်ကြတယ်ဆိုတာ ချစ်သူစုံတွဲတွေတိုင်း ဖြစ်ဖူးကြတဲ့ကိစ္စတစ်ခုပါ။ သို့သော်လည်း တစ်ချို့စုံတွဲတွေမှာ စိတ်ဆိုးစိတ်ကောက်တာကနေ လမ်းခွဲပြတ်စဲကြတဲ့အထိ ဖြစ်သွားတာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒီလိုလမ်းခွဲတဲ့အဆင့်အထိ မရောက်စေဖို့ ချစ်သူနှစ်ဦး စကားများရန်ဖြစ်ချိန်မှာ ရှောင်ကျဉ်ရမယ့်အရာတွေကို ပြောပြပေးချင်ပါတယ်။

(၁) လျစ်လျူရှုထားတာ

ချစ်သူရည်းစားတွေရန်ဖြစ်တဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် လျစ်လျူရှု့ထားမိခြင်းက အကြီးမားဆုံး အမှားတစ်ခုဖြစ်ပါတယ်။ ယောကျာ်းလေးအများစု ထင်မိတဲ့အမှားက အချိန်တန်ရင် စိတ်ကောက်ပြေမှာပဲ ပြဿနာပြေလည်မှာဆိုတဲ့အထင်နဲ့ လောလောဆယ်မှာ လျစ်လျူရှုှုထားလိုက်မိတက်ပါတယ်။ တကယ်တော့ ပြဿနာတစ်ခုဖြစ်လာရင် ချက်ချင်းပဲပြဿနာကိုအဖြေထွက်အောင်လုပ်ပြီး ဖြေရှင်းသင့်တာပါ။ လျစ်လျူရှု့ခံရတာများလာရင် ကိုယ့်အနားကထွက်သွားပါလိမ့်မယ်။

(၂) တောင်းပန်ဖို့ ဝန်လေးတာ

ယောကျာ်းလေးဖြစ်စေ မိန်းကလေးဖြစ်စေ အမှားတစ်ခုလုပ်မိရင် ကိုယ့်အမှားအတွက် တောင်းပန်ရမှာပါပဲ။ ငါကယောကျာ်းလေးမလို့ မှားမှားမှန်မှန် မတောင်းပန်နိုင်ဘူးဆိုတဲ့ အတွေးကမှားပါတယ်။ တကယ်ပဲကိုယ်အနေနဲ့ အမှားတစ်ခုလုပ်မိတယ်ဆိုရင် သူမစိတ်ပြေတဲ့အထိသာ တောင်းပန်လိုက်ပါ။ ကိုယ်ကတောင်ပန်းနေတဲ့အတွက် သူမအနေနဲ့လည်း စိတ်ပြေပြီး ချစ်သူနှစ်ဦးပြန်လည်အဆင်ပြေသွားပါလိမ့်မယ်။

(၃) စိတ်မရှည်တာ

ရန်ဖြစ်တဲ့အခါ တစ်ယောက်ကိုတစ်ယောက် စိတ်ရှည်ခြင်း သည်းခံခြင်းတွေနဲ့ ပြဿနာကို ဖြေရှင်းဖို့လိုပါတယ်။ တစ်ယောက်ရင်ထဲကစကားတွေကို သေချာစွာစိတ်ရှည်ရှည်ထားပြီးနားထောင်ပေးမှသာ သူရဲ့စိတ်ကိုနားလည်ပြီး ပြဿနာကပြေလည်တဲ့အဆင့်ကိုရောက်မှာပါ။ မဟုတ်ရင်တော့ ပြဿနာရဲ့ ဇစ်မြစ်နဲ့ စိတ်မရှည်မှုတွေကနေတစ်ဆင့်ဖြစ်လာတဲ့ဒေါသစိတ်တွေကြောင့် ပြဿနာကပိုပြီးကြီးထွားလာနိုင်ပါတယ်။

(၄) အနိုင်လုတာ

ငယ်ရွှယ်တဲ့ ချစ်သူစုံတွဲကြားမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ ရင့်ကျက်မှုသိပ်မရှိတဲ့ လူငယ်အရွှယ်မှာ ပြဿနာတစ်ခုဖြစ်လာရင် မာနတွေအပြိုင်ထားပြီး ကိုယ်နိုင်သူနိုင် အနိုင်လုတက်ကြပါတယ်။ ဒီတော့ ပြဿနာကအရင်းအမြစ်ပျောက်သွားပြီး မာနတွေအနိုင်လိုစိတ်တွေကြောင့်ထွက်လာတဲ့ စကားလုံးခပ်ပြင်းပြင်းတွေကြောင့် ပြဿနာက တစ်စထက်တစ်စပိုပြီးကြီးထွားလာပါတယ်။ ဒါကြောင့် ရန်ဖြစ်တဲ့အခါ မာနခြင်းပြိုင်ပြီး အနိုင်လုတာမျိုးကိုလည်းရှောင်ကျဉ်ဖို့ အကြံပြုချင်ပါတယ်။