မင်္ဂလာပါ… ပျိုမဒီတို့ရေ…. မိန်းကလေးအများစုက ဆံပင်ပြင်ဆင်ဖို့အတွက် Beauty Salon ကို သွားလေ့ရှိကြပါတယ်။ဒီလိုသွားတဲ့အခါ Salon က Stylist က မှော်ပညာနဲ့လုပ်သလို လှသွားအောင် လုပ်နိုင်လိမ့်မယ်လို့ ထင်ကြတတ်ပါတယ်။ ကြော်ငြာထားတဲ့ ကြော်ငြာတွေထဲကလိုမျိုး ထပ်တူကျဖို့လည်း တွေးရင်းနဲ့ပေါ့။

ဒါပေမယ့် တစ်ခုသတိထားရမှာက Salon ရောက်တဲ့အခါ ဒီအချက်တွေကိုတော့ သတိထားသင့်ပါတယ်နော်။

အမှန်တိုင်းပြောပါ

Stylist နဲ့တွေ့တဲ့အခါ ဆံပင်ရဲ့သမို်င်းကြောင်းကို အမှန်တိုင်းပြောသင့်ပါတယ်။ ဒါမှ Stylist က သင်လုပ်ချင်တဲ့အရာ လုပ်လို့ရနိုင်မရနိုင်ကို ဆုံးဖြတ်လို့ရမှာပါ။

လိုချင်တာကိုသေချာပြောပါ

ထိုင်ခုံမှာထိုင်တဲ့အခါ Stylist က အရင်ဆုံးပြောမယ့်အရာတွေထဲက တစ်ခုက “ဒီနေ့ဘာလုပ်ချင်လဲ” ဆိုတဲ့စကားပါ။ ဒါပေမယ့် ဒါက မင်းဆံပင်ပဲ။ ကိုယ်လိုချင်တဲ့ပုံစံ အရောင်တို့ကို သေချာသိအောင် ပြောပြသင့်ပါတယ်။ ကိုယ်လိုချင်တာကို တိတိကျကျပြောနိုင်မှ Stylist က သေချာလုပ်ပေးလို့ရမှာပါ။

အချိန်တိတိကျကျသွားပါ

Stylist နဲ့တွေ့တဲ့အခါ နောက်မကျဘဲသွားပေးပါ။ ချိန်းဆိုထားတဲ့အချိန်ထက် နောက်ကျပြီးမှသွားတာက နောက်ထပ်ချိန်းဆိုထားတဲ့လူတွေနဲ့ အချိန်ကပ်သွားတာကြောင့် သင့်ကို သေချာဂရုမစိုက်နိုင်မှာ ဆိုးလို့ပါ။

ထပ်ထူကျဖို့မတွေးပါနဲ့

ဆံပင်ပြင်တဲ့အခါ ကြော်ငြာထားတဲ့ ကြော်ငြာတွေထဲကလိုမျိုး ထပ်တူလိုချင်တတ်ကြပါတယ်။ ဒါပေမယ့် လိုချင်တဲ့ ဆံပင်အရောင်တစ်ခုရဲ့ ဓာတ်ပုံအတိုင်းရဖို့ဆိုတာက နည်းနည်းတော့ခက်ပါတယ်။ ဘာလို့လည်းဆို တော့ ဓာတ်ပုံတွေက တည်းဖြတ်ထားတာမျိုးတွေလည်း ဖြစ်နိုင်တာကြောင့်ပါ။ ဒီလိုပဲ ဆံပင်ညှပ်တာကလည်း မတူညီတဲ့ ဦးခေါင်းပုံသဏ္ဍာန်၊ မျက်နှာပုံစံ၊ အသွင်အပြင်တို့ကြောင့် ထပ်တူကျဖို့တော့ ခဲယဥ်းပါတယ်။