ကဗျာဆရာတွေကတော့ အသည်းကွဲတယ်ဆိုတာ သွေးမဲ့ဒဏ်ရာလို့ တင်စားကြပါတယ်။ ဒီဒဏ်ရာအတွက် စံသတ်မှတ်ထားတဲ့ တရားဝင် ကုထုံး မရှိသေးပါဘူး။ ဒါကြောင့် အသည်းကွဲရင် သက်သာတဲ့ ဆေးကို ပေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ချစ်သူနဲ့ ပြတ်စဲသွားပြီးရင် ဘယ်တော့မှ မလုပ်သင့်တဲ့ စည်းကမ်းလေးတွေတော့ ပြောဖို့ ရှိပါတယ်။

(၁) Social Media မှာ ပြန်မရှာပါနဲ့တော့

Photo : The Well

လူမှုကွန်ရက်တွေပေါ်မှာ သူမနဲ့ Friend အဖြစ် ဆက်မရှိတာအကောင်းဆုံးပါပဲ။ သူနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ၊ ပုံရိပ်တွေနဲ့ ဝေးဝေးနေပါ။ ပြတ်မယ့်ပြတ် မဆုံနိုင်အောင် ဖြတ်တောက်ထားလိုက်ဖို့ အကြံပေးချင်ပါတယ်။

(၂)  ကိုယ့်ကိုယ်ကိုယ် ပြန်ဆောက်တည်ဖို့ မမေ့ပါနဲ့

Photo : Shutterstock

ဒီအချိန်မှာ စိတ်ဓါတ်တွေ ကျပြီး ဘာမှ မလုပ်ချင် မကိုင်ချင်ဖြစ်နေပါလိမ့်မယ်။ နှိုးထလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ပြုပြုပြင်ပြင်နဲ့ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင် တည်ဆောက်လိုက်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ Skillset အသစ်တွေ သင်ပါ။ ခရီးတွေ ထွက်ပါ။.

(၃) အလုပ်ထိခိုက်မခံပါနဲ့

Photo : Shutterstock

ရည်းစားနဲ့ပြတ်လို့ ကိုယ်လုပ်နေတဲ့ အလုပ်ကို ဂရုမစိုက်ဘဲ ပစ်ထားတာ ၊ ကိုယ့်ဘော်ဒါတွေနဲ့ အဆက်ဖြတ်လိုက်တာမျိုးက တကယ်မှားပါတယ်။ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်တဲ့ လူတစ်ယောက်အဖြစ် စိတ်အေးလက်အေးနဲ့ စဉ်းစားကြည့်ရင်ကို ဒါတွေလုပ်မိတာ အဓိပ္ပါယ်ဘယ်လောက် မဲ့သလဲဆိုတာ ပြန်သိလာပါလိမ့်မယ်။

(၄) အစပြန်မထုတ်မိစေနဲ့

Photo : Shutterstock

ရည်းစားဟောင်းနဲ့ ပြန်တွဲဖို့ဆိုတာကို ခေါင်းထဲက အပြီးတိုင် မေ့လိုက်ပါ။ အရင်လို ပြန်ချစ်ကြလေသတည်းဆိုတဲ့ မျှော်လင့်ချက်တွေ မထားမိခင်မှာ ဘယ်လိုပြတ်သွားခဲ့တာလဲ။ ဘယ်လောက်အထိ တစ်ယောက်နဲ့တစ်ယောက် အနီးဆုံးရောက်ဖို့ ကြိုးစားခဲ့သလဲကို ပြန်စဉ်းစားကြည့်သင့်ပါတယ်။

(၅) ချက်ချင်းကြီး ရည်းစားမထားနဲ့

Photo : Shutterstock

အချိန်ယူပါဦး။ အလွယ်လေး ဆုံးဖြတ်လိုက်ရင် နောက်ထပ် အသည်းကွဲဇာတ်လမ်းတစ်ပုဒ်ထပ်ထွက်ရုံကလွဲပြီး ဘာမှ အကျိုးရှိနိုင်မှာ မဟုတ်ပါဘူး။