နှစ်သစ်မှာ ပိုပြီးပျော်စရာကောင်းမယ့် Relationship ကို ရရှိပြီး ကိုယ့်ချစ်သူနဲ့ နှစ်ဟောင်းကထက်ပိုပြီးတော့ ပျော်စရာကောင်းတဲ့ အခြေအနေတွေကို ရရှိစေဖို့အတွက် လိုက်နာသင့်တဲ့အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

အချိန်ပိုပေးပါ

နှစ်ဟောင်းမှာတုန်းကထက်ပိုပြီး တစ်ယောက်နဲ့တစ်ယောက် အချိန်ပိုပေးပါ။ များများတွေ့ပြီး ပျော်စရာကောင်းတဲ့ အခိုက်အတန့်တွေကို များများဖန်တီးပါ။ ဒါဆိုရင် ပိုပြီးတော့ ပျော်ရွှင်ရမှာပါ။

နားလည်မှုပိုပေးပါ

တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိမှ ပျော်စရာကောင်းတဲ့ Relationship ကို ပိုင်ဆိုင်ရမှာပါ။ ဒါကြောင့် အရင်က နားလည်မှုမထားခဲ့နိုင်တာတွေကိုလည်း အခုနှစ်သစ်ကစပြီး နားလည်မှုထားကြည့်ပါ။ တစ်ယောက်နဲ့တစ်ယောက် အရင်ထက်ပိုပြီး နားလည်မှုပေးမယ်ဆိုရင် ပြဿနာတွေလည်း နည်းသွားပြီး ရန်ဖြစ်ရတဲ့အချိန်ထက် ကြည်နူးရတဲ့အချိန်တွေ ပိုများလာမှာပါ။

နှစ်ဟောင်းကအမှားတွေကိုမေ့ပစ်ပါ

နှစ်ဟောင်းကအမှားတွေကို မမေ့နိုင်ပဲ ပြဿနာဖြစ်တိုင်း အသစ်ပြန်ဖြစ်အောင် ပြောနေမယ်၊ ပြဿနာရှာနေမယ်ဆိုရင် အချိန်တွေဘယ်လောက်ပြောင်းပြောင်း ပျော်ရတာထက် ပြဿနာတွေဖြေရှင်းလိုက်၊ ရန်ဖြစ်စကားများလိုက်နဲ့ပဲ အချိန်ကုန်ဆုံးနေရမှာပါ။ ဒါကြောင့် နှစ်သစ်မှာ ပိုပြီးပျော်ရွှင်ချင်ရင် နှစ်ဟောင်းကအမှားတွေကို မေ့ပစ်လိုက်ပါ။

အနာဂါတ် Plan တွေထားပါ

တစ်နှစ်ပြီးတစ်နှစ်ချစ်လာကြတာ အခုကစပြီး အနာဂါတ် Plan တွေစထားကြည့်ပါ။ အနာဂါတ် Plan တွေချပြီး နှစ်ယောက်လုံးတူတူ ကြိုးစားမယ်ဆိုရင် ပိုပြီးပျော်စရာကောင်းလာမှာပါ။

ပိုချစ်ပြီးပိုဂရုစိုက်ပါ

နောက်ဆုံးအရေးကြီးတဲ့အချက်ကတော့ နှစ်သစ်မှာ ပိုပျော်ရွှင်ချင်ရင် တစ်ယောက်နဲ့တစ်ယောက် အရင်ထက်ပိုချစ်ပြီး အရင်ထက်လည်း ဂရုစိုက်ပေးပါ။ နှစ်တွေပြောင်းလည်း ရိုးသွားတာမျိုးမဖြစ်ပဲ အရင်ထက်ပိုပြီး ချစ်လာတာမျိုး၊ ဂရုစိုက်မှုတွေ ပိုပေးနိုင်လာတာမျိုးပဲ ဖြစ်မယ်ဆိုရင် ပိုပြီးပျော်စရာကောင်းတဲ့ Relationship ကို အလွယ်တကူ တည်ဆောက်နိုင်မှာပါ။