လူငယ်ဘဝဆိုတာ ဘဝမှာ နှစ်ခါပြန်မရတဲ့ အခွင့်အရေးတစ်ခုပါ။ ခွန်အားတွေ ပြည့်ဝနေတဲ့အရွယ် တက်ကြွ ရဲရင့်နေတဲ့ အရွယ်ဖြစ်ပါတယ်။ လုပ်ချင်တဲ့အရာကိုလည်း လုပ်နိုင်ပြီး စိတ်သွားတိုင်း ကိုယ်ပါတဲ့အရွယ်ပါ။ ဒီလို လူငယ်ဘဝမှာ မဖြစ်မနေလုပ်သင့်တဲ့ အရာတွေကို မျှဝေပေးချင်ပါတယ်။

၁။ နေထွက်ချိန်ကိုကြည့်ပါ

Source: Wild & Wandering

ခရီးသွားရင်ဖြစ်ဖြစ်၊ သာယာတဲ့နေရာတစ်ခုခုကနေပဲဖြစ်ဖြစ်၊ ထူးဆန်းတဲ့နေရာတစ်ခုခုကနေပဲဖြစ်ဖြစ် နေထွက်ချိန်ကို ကြည့်ပါ။ တောက်ပေါ်တက်ပြီးကြည့်တာ၊ အိမ်ခေါင်မိုးပေါ်တက်ပြီး ကြည့်တာမျိုးကိုလုပ်နိုင်ပါတယ်။

၂။ ခရီးသွားပါ

Source: Best resumes and templates for your business – Soochi

အဝတ်အစားတွေဝယ်တာ၊ ဘားတွေထိုင်ပြီး ပိုက်ဆံဖြုန်းတာထက် ခရီးသွားရင် ပိုက်ဆံသုံးပါ။ နောက်တချိန် ကိုယ်အသက်ကြီးလာရင် စိတ်သွားတိုင်ကိုယ်မပါဘဲ သွားချင်တဲ့ ခရီးတွေ ရောက်ဖြစ်တော့မှာမဟုတ်ပါဘူး။

၃။ မောင်နှမတွေအတွက် အချိန်ပေးပါ

Source: ParentMap

နောက်တချိန် အရွယ်ရလာလို့ အိမ်ထောင်တွေပြုပြီးသွားရင် ကိုယ့်ညီအကို မောင်နှမတွေအတွက် အချိန်ပေးနိုင်တော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် မောင်နှမတွေကို အချိန်ပေးပါ။

၄။ သင်လုပ်ချင်တာကို စိတ်ကူးယဉ်မနေနဲ့ လက်တွေ့လုပ်လိုက်ပါ

Source: newquayactivitycentre.co.uk

အကသင်ချင်တယ်၊ တယောတီးသင်ချင်တယ်၊ စကိတ်စီးချင်တယ် စတဲ့ ကိုယ်ဝါသနာပါတဲ့အရာတွေကို လုပ်သာလုပ်လိုက်ပါ။ ဒါလေးလုပ်ရင်တော့ ကောင်းမှာပဲဆိုပြီး အတွေးနဲ့ ပျော်နေတာမျိုးထက် လက်တွေ့လုပ်လိုက်ပါ။ နောက်တစ်ချိန် အသက်တွေရလာလို့ စီးပွားရေးလုပ်ငန်းတွေ မိသားစု စားဝတ်နေရေးတွေနဲ့ သင်ဝါသနာပါတာတွေကို သင်လုပ်နိုင်တော့မှာမဟုတ်ပါဘူး။ ငယ်တုန်း ခန္ဓာကိုယ် အချိုးအစား လှပချင်လား။ လေ့ကျင့်ခန်းလုပ်လိုက်ပါ။

၅။ သင့်ရဲ့ ကြောက်ရွံ့မှုကို အနိုင်ယူပါ

Source: Thrive Courses

အမှောင်ကိုကြောက်တတ်လား။ အမြင့်ကိုကြောက်တာလား၊ ရေကိုကြောက်တာလား။ စတဲ့ ကိုယ့်ကို ကြောက်ရွံ့စေတဲ့ ဘာမဟုတ်တဲ့ အရာသေးသေးလေးတွေကို အနိုင်ယူလိုက်ပါ။

၆။ အကူအညီလိုနေတဲ့သူတွေကို ဥပေက္ခာမပြုပါနဲ့

ပရဟိတဆိုတာ အဖွဲ့အစည်းကြီးထောင် လူသိရှင်ကြား လုပ်နေမှမဟုတ်ပါဘူး။ ကိုယ်ဘေးမှာ ရှိနေတဲ့ အကူအညီလိုအပ်နေတဲ့သူတွေကို ကူညီတာဟာလည်း ပရဟိတပါပဲ။ ကိစ္စသေးသေးလေးကနေပဲ စတင်လိုက်ရအောင်။

၇။ အောင်မြင်မှုရဖို့ ယှဉ်ပြိုင်ပါ

Source: Loop Supply Systems

ယှဉ်ပြိုင်တာဟာ သင့်အရည်အချင်းတွေကို ပိုပြီးတိုးတက်စေသလို အောင်မြင်မှုကိုလည်း ရရှိစေပါတယ်။ အောင်မြင်မှုရဖို့ ယှဉ်ပြိုင်လိုက်ပါ။

၈။ ကမ္ဘာကြီးကို သန့်ရှင်းရေးလုပ်ပါ

Source: Optimizely Blog

ကမ္ဘာကြီးကို သန့်ရှင်းစေဖို့ လူမှုအဖွဲ့အစည်းတွေမှာ ကူညီပါ။ အဲဒီလိုလုပ်နေလို့ သင့်ခန္ဓာကိုယ်မှာ ညစ်ညမ်းပေကြံသွားတာမျိုးဖြစ်မှာ စိတ်မပူပါနဲ့။

၉။ တာဝန်ယူရမှာ မကြောက်ပါနဲ့

ကိုယ်လုပ်တဲ့ကိစ္စကိုယ်တာဝန်ယူရမှာမကြောက်ပါနဲ့။ သင့်မှာ တာဝန်ယူမှုရှိပါစေ။

၁၀။ ရူးတောတော ပေါကြောင်ကြောင်တွေလည်း လုပ်လိုက်ပါ

သူငယ်ချင်းတွေ အတူတူ စုပြီး ထူးထူးဆန်းဆန်းတွေ တခြားသူတွေက ရူးတောတောပေါကြောင်ကြောင်နိုင်တယ်လို့ ပြောလာနိုင်တဲ့အရာတွေကိုလုပ်လိုက်ပါ။ အသက်အရွယ်ရလာရင် သင့်မှာ အဲဒီလိုအခွင့်အရေးတွေရှိတော့မှာမဟုတ်ပါဘူး။