ဘဝမှာအကြောင်းအမျိုးမျိုးကြောင့် ဘာမှဆက်လုပ်ချင်စိတ်မရှိတော့အောင် စိတ်ဓာတ်ကျတာမျိုး၊ လက်လျှော့လိုက်ချင်စိတ် ဖြစ်တာမျိုးတွေ ကြုံဖူးကြမှာပါ။ ဒီလိုအခြေအနေမှာ ကိုယ်ကြိုးစားလာခဲ့တဲ့အရာကို ချက်ချင်းလက်လျှော့လိုက်မယ့်အစား စိတ်ပြေလက်ပျောက်ဖြစ်အောင် ဒီအရာတွေကို ပြောင်းလုပ်ကြည့်လိုက်ပါ။

ခဏအနားယူလိုက်ပါ

ထိုင်တွေးပြီး စိတ်ညစ်နေတာမျိုး၊ စိတ်ဓာတ်ကျနေတာမျိုး မဖြစ်ပါနဲ့တော့။ ဘာမှမစဉ်းစားပဲ ဘာမှမလုပ်ပဲ ခဏအနားယူလိုက်ပါ။ အိပ်လိုက်စားလိုက်နဲ့ နေချင်လည်းနေပါ။ တစ်လလောက်ပဲဖြစ်ဖြစ် အနားယူချလိုက်ပါ။

သီချင်းနားထောင်၊ သီချင်းဆိုပါ

သီချင်းကြိုက်တဲ့သူတွေဆိုရင် သီချင်းနားထောင်တာမျိုး၊ သီချင်းသွားဆိုတာမျိုးတွေ လုပ်ပါ။ စိတ်ကို Relax ဖြစ်သွားစေပါတယ်။

ရုပ်ရှင်ကြည့်ပါ

ဘာမှမလုပ်တော့ပဲ ရုပ်ရှင်တွေကြည့်လိုက်၊ စားလိုက်သောက်လိုက်နဲ့နေတာကလည်း စိတ်ညစ်စရာတွေကို မေ့ထားနိုင်ပြီး စိတ်ပေါ့ပါးသွားစေပါတယ်။

ခရီးထွက်ပါ

ဘာမှဆက်လုပ်ချင်စိတ်မရှိတော့အောင် စိတ်ဓာတ်ကျပြီး စိတ်ညစ်တဲ့အခါ အကောင်းဆုံးကတော့ ခရီးထွက်လိုက်ပါ။ စိတ်ပေါ့ပါးပြီး စိတ်သစ်လူသစ်ဖြစ်သွားစေပါတယ်။

တရားထိုင်ပါ

တရားထိုင်ပေးခြင်းက စိတ်ဖိစီးမှုတွေ လျော့ကျစေပြီး စိတ်ညစ်နေတာတွေ ပြေပျောက်စေပါတယ်။ စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ နေ့တိုင်းသာ တရားထိုင်ပေးပါ။

အရှိန်ယူပြီးပြန်စတင်ကြည့်ပါ

အပြောမှာပြောခဲ့သလိုတွေလည်း လုပ်ပြီးပြီဆိုရင် ကိုယ်လုပ်ထားတဲ့အရာကို ပြန်လည်စတင်ဖို့ စဉ်းစားကြည့်ပါ။ ပြီးရင် သေချာအရှိန်ယူပြီး ပြင်ဆင်ပြီး ပြန်လည်စတင်ကြည့်ပါ။ အပြီးတိုင်လက်လျှော့လိုက်ဖို့ကျတော့လည်း နှမြောစရာကောင်းတာကြောင့် ကိုယ်နားသင့်သလောက် နားပြီးပြီဆိုရင်တော့ ပြန်လည်စတင်ပြီး အကောင်းဆုံးဖြစ်အောင် ပြန်ကြိုးစားပါ။