စိတ်ပင်ပန်းနေတဲ့အချိန်မှာဆိုရင် ကိုယ့်စိတ်သက်သာရာရမယ့် အရာတွေကိုပဲ လုပ်သင့်ပါတယ်။ စိတ်ပင်ပန်းတာက ပိုဆိုးလာရင် လူပါထိခိုက်ပြီး နေထိုင်မကောင်းဖြစ်တာတွေအထိပါ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် စိတ်ပင်ပန်းနေတဲ့အချိန်မှာ လုပ်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ဘာမှမတွေးပါနဲ့

စိတ်ပင်ပန်းတဲ့အချိန်မှာ အရေးအကြီးဆုံးက ဘာမှမတွေးဖို့ပါပဲ။ ဘာမှမတွေးရင် ပိုပြီးစိတ်ချမ်းသာရပါတယ်။ ဒါကြောင့် ဘာမှမတွေးနိုင်အောင် ကြိုးစားနေပါ။ စိတ်ညစ်စရာတွေ၊ စိတ်ပင်ပန်းစရာတွေအားလုံးကို မေ့ထားလိုက်ပါ။

ရုပ်ရှင်ကြည့်ပါ

လျှောက်မတွေးမိအောင် အိမ်မှာနေပြီး အေးအေးဆေးဆေး ရုပ်ရှင်ကြည့်ပါ။ ရုပ်ရှင်ကြည့်တာက အပျင်းပြေစေရုံတင်မဟုတ်ပဲ စိတ်ကိုလည်း ပေါ့ပါးမှုရှိစေပါတယ်။ စိတ်ပင်ပန်းနေတာတွေကို မေ့ပျောက်သွားအောင် ကူညီပေးနိုင်ပါတယ်။

တိတ်ဆိတ်ပြီးအေးချမ်းတဲ့နေရာကိုသွားပါ

အားတယ်ဆိုရင်တော့ တိတ်ဆိတ်ပြီး အေးချမ်းတဲ့နေရာကို Road Trip သွားတာမျိုး၊ ဒါမှမဟုတ်လည်း ခရီးထွက်လိုက်တာမျိုးတွေ လုပ်ကြည့်ပါ။ သဘာဝရှုခင်းတွေနဲ့ တိတ်ဆိတ်ငြိမ်သက်မှုတွေကြောင့် စိတ်ပင်ပန်းမှုတွေ လျော့ကျပြီး စိတ်ကို Relax ဖြစ်စေပါတယ်။

အိပ်ပါ

ဘယ်မှလည်းမသွားချင်ဘူးဆိုရင်တော့ အိပ်ပါ။ အိပ်ရေးဝအောင်သာ အိပ်လိုက်ပါ။ တစ်ချိန်လုံး အိပ်ယာထဲခွေခေါက်နေတာမျိုးတော့ မလုပ်ပါနဲ့။ အိပ်လိုက်ပြီး အိပ်ယာနိုးလာရင် ရေချိုးပြီး Relax ဖြစ်သွားပါလိမ့်မယ်။

တရားထိုင်ပါ

စိတ်ပင်ပန်းမှုတွေ လျော့ကျဖို့အတွက် တရားထိုင်ပေးခြင်းကလည်း မပါမဖြစ်ပါပဲနော်။ တိတ်ဆိတ်တဲ့နေရာမှာ တရားထိုင်ပေးပါ။ ကြာကြာလေးထိုင်ပေးနိုင်လေ ကောင်းလေပါပဲ။ စိတ်ပင်ပန်းမှုတွေလျော့ကျပြီး စိတ်တည်ငြိမ် အေးချမ်းမှုကို ရရှိစေပါတယ်။