တချို့ကျတော့ မျက်ကွင်းညိုတာမဟုတ်ပဲနဲ့ မျက်အိတ်ဖောင်းတာပါ။ မျက်အိတ်ဖောင်းတာက မိတ်ကပ်လိမ်းတဲ့အခါ Concealer နဲ့ဖုံးလည်း ပေါ်တာပါပဲ။ ဒါကြောင့် မျက်အိတ်ဖောင်းရင်က သက်သာအောင်လုပ်ပေးဖို့ လိုပါတယ်။ မျက်အိတ်ဖောင်းတာသက်သာဖို့အတွက် ဘာတွေလုပ်ပေးသင့်လဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ရေခဲကပ်ပါ

ရေခဲကို အဝတ်အသန့် (သို့) ရေခဲအိတ်ထဲထည့်ပြီး ကပ်ပေးတာက မျက်အိတ်ဖောင်းတာ သက်သာစေပါတယ်။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ကပ်ပေးရင် ရပါတယ်။

Green Tea Bags ကပ်ပါ

Green Tea Bags နှစ်ထုပ်ကို ရေနွေးခွက်ထဲ တစ်မိနစ်လောက်ထည့်စိမ်ပြီး အချိန်ပြည့်ရင် ရေခဲသေတ္တာထဲမှာ ထည့်ထားပေးပါ။ နာရီကြာကြာလေးထားပြီးမှ မျက်လုံးမှာကပ်ပေးရမှာပါ။ ၁၅ မိနစ်လောက်ကပ်ပြီးရင် ရေခဲရေနဲ့ မျက်နှာသစ်ပေးပါ။ မျက်အိတ်ဖောင်းတာ သက်သာစေပါတယ်။

သခွားသီး (သို့) အာလူးကပ်ပါ

သခွားသီး (သို့) အာလူးကို အချပ်လေးတွေဖြစ်အောင်လှီးပြီး ရေခဲသေတ္တာထဲမှာ တစ်နာရီထည့်ထားပေးပါ။ အချိန်ပြည့်ရင် မျက်လုံးပေါ်မှာ ၁၅ မိနစ်တင်ထားပေးပါ။ ပြီးရင်တော့ မျက်နှာသစ်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကလည်း မျက်အိတ်ဖောင်းတာကို သက်သာစေပါတယ်။

Eye Cream

မျက်အိတ်ဖောင်းတာ သက်သာဖို့အတွက် Eye Cream ကောင်းကောင်းတစ်ခုကို ပုံမှန်သုံးသွားပေးပါ။ Eye Cream ပါလိမ်းပေးမှ ပိုပြီးထိရောက်မှုရှိမှာပါ။ Eye Cream လိမ်းရင်းနဲ့လည်း မျက်လုံးနားတစ်ဝိုက်ကို Massage လုပ်နှိပ်နယ်ပေးပါ။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးပျက်ရင်လည်း မျက်အိတ်ဖောင်းသလို အိပ်ရေးအဝလွန်နေရင်လည်း မျက်အိတ်ဖောင်းတာ ဖြစ်တတ်ပါတယ်။ ဒီတော့ အချိန်နဲ့သေချာ အိပ်ရေးဝဝအိပ်ပေးပါ။ အိပ်ချိန်ကို ဂရုစိုက်ပါ။ အိပ်စက်ခြင်းကလည်း သင့်အသားအရေအတွက် အရေးပါတဲ့အရာတစ်ခု ဖြစ်ပါတယ်။