မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ နေ့တစ်နေ့ရဲ့ အရေးကြီးဆုံးအချိန်က မနက်ခင်းပါပဲ။ မနက်ခင်းမှာတင် စိတ်မကြည်ရင်တော့ သင့်ရဲ့တစ်နေ့တာဟာ အဆင်မပြေနိုင်ပါဘူး။ မနက်တည်းက နိုးကြားတက်ကြွမှုရှိရင်တော့ သင့်ဘဝဟာ အောင်မြင်မှုနဲ့ လက်တစ်ကမ်းမှာပါပဲ။ အောက်မှာ ဖော်ပြထားတဲ့အရာတွေက သင့်ဘဝကို ပိုမိုတိုးတက်စေမှာ အသေအချာပါပဲ။

၁။ မနက်စောစောထပါ

Source: BBC

မနက်ခင်းစောစောထတာက သင့်စိတ်ကို တည်ငြိမ်စေပါတယ်။ ငှက်လေးတွေတေးဆိုသံ၊ နေထွက်လာတဲ့ရှုခင်းတွေက သင့်စိတ်ကို လန်းဆန်းစေပါတယ်။ သင့်စိတ်တည်ငြိမ်တာကြောင့် တစ်နေ့တာတာဝန်ကို ကောင်းစွာ ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ မနက်စောစောနိုးတာက သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားရာရောက်ပါတယ်။

၂။ သွားတိုက်စဉ် လျှာကိုပါ တိုက်ပေးပါ

Source: Orabrush

မနက်ပိုင်းသွားတိုက်တဲ့အချိန်မှာ သွားတိုက်တံနဲ့ လျှာကိုတိုက်ပေးတာက ခံတွင်းနံ့ထွက်ခြင်းကို နည်းပါးစေပါတယ်။

၃။ သံပယိုသီးဖျော်ရည် နွေးနွေးလေးတစ်ခွက်သောက်ပါ

Source: Food Matters

သံပယိုသီးမှာ ဗီတာမင်စီပါဝင်ပြီး သင့်ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ပြေစေပါတယ်။ သင့်အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ သင်က ဝိတ်ချနေတဲ့သူဆိုရင် ပျားရည်တစ်ဇွန်းကို သံပယိုသီးဖျော်ရည်ထဲ ထည့်သောက်နိုင်ပါတယ်။

၄။ အကြောလျှော့ပါ

Source: Shape Singapore

မနက်စောစော ငါးမိနစ်လောက် အကြောလျှော့လိုက်တာက သင့်ရဲ့ ခန္ဓာကိုယ်ကိုပေါ့ပါးစေပါတယ်။ အကြောလျှော့ပြီးနောက် သင်လုပ်နေကျ လေ့ကျင့်ခန်းသို့မဟုတ် ရောဂလေ့ကျင့်ခန်းတွေပြုလုပ်နိုင်ပါတယ်။

၅။ ခန္ဓာကိုယ်ကို ဘရပ်ရှ်တိုက်ပါ

Source: Philadelphia Magazine

ဒီလိုဘရပ်ရှ်တိုက်တာကို Ayurveda ကုထုံးလို့ခေါ်ပါတယ်။ သင့်ခြေထောက်ကနေ အပေါ်နှလုံးရှိရာကို ဘရပ်ရှ်ပါးပါးနဲ့ ပွတ်တိုက်ပေးတာက ကျန်းမာရေးကောင်းစေပြီး သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။

၆။ မနက်စာစားပါ

Source: Shutterstock.com

တချို့တွေက မနက်စာနဲ့ နေ့လည်စာကို ပေါင်းစားတတ်ပါတယ်။ ဝိတ်ချနေတဲ့သူအချို့ကလည်း မနက်စာမစားတတ်ကြပါဘူး။ ဒါတွေဟာ မကောင်းတဲ့အပြုအမူတွေပါ။ မနက်စောစော မနက်စာစားပေးတာက သင့်တစ်နေ့တာ လုပ်ငန်းတာဝန်တွေကို ခွန်အားရှိရှိလုပ်ဆောင်နိုင်စေပါတယ်။

၇။ သင်ကြိုက်နှစ်သက်တဲ့ တေးဂီတကို နားထောင်ပါ

Source: Pinterest

မနက်ပိုင်းမှာ သင်ကြိုက်တဲ့သီချင်းနဲ့ နိုးထတာက လှပတဲ့နေ့ကို ပိုင်ဆိုင်စေမှာပါ။ နှိုးစက်သီချင်းသံကိုလည်း သင်ကြိုက်တဲ့သီချင်းသံထားနိုင်ပါတယ်။ ဒါပေမဲ့ နှိုးစက်ဆိုတော့ နေ့တိုင်းကြားရမှာမို့ ဒီသီချင်းသံကို မကြားချင်တော့တဲ့အဆင့်ထိ မရောက်ပါစေနဲ့နော်။

၈။ တရားထိုင်ပါ

Source: Pinterest

တရားထိုင်တာက သမာဓိအားကောင်းစေသလို သင့်စိတ်ကို တည်ငြိမ်စေပါတယ်။ ကိုယ့်အတွင်းစိတ်ကိုလည်း ကြည်လင်စေပါတယ်။

၉။ ကိုယ့်ကိုကိုယ်ပြုံးပြပါ

Source: Let’s Reach Success

ခရီးသွား Tourist Guide တွေမှာ ခရီးသွားတွေကို အမြဲပြုံးပြနိုင်ဖို့ အပြုံးလေ့ကျင့်ရပါတယ်။ သင်လည်း ဒီလိုအကျင့်မျိုးမွေးသင့်ပါတယ်။ မနက်တိုင်း သင့်ကိုယ်သင်ပြုံးပြပါ။ သင်ဟာ အကောင်းဆုံး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့လူဆိုတာ အပြည့်အဝခေါင်းထဲထည့်ထားပါ။

၁၀။ အရေးကြီးလုပ်ငန်းသုံးခုကိုရေးပါ

Source: Oxford Learning

သင်ဟာ အလွန်အလုပ်မာျးသူဆိုရင်တော့ အရေးကြီးဆုံးလုပ်စရာ သုံးခုကို ချရေးသင့်ပါတယ်။ ဒီသုံးခုပြီးမှ နောက်အရေးကြီးတာတွေလုပ်ပေးပါ။ အရင်ကထက် ပိုပြီး လုပ်ငန်းဆောင်တာတွေပြီးစီးနိုင်ဖို့အတွက်လည်း ဒီလိုလုပ်စရာသုံးခုချရေးတာက အလေ့အကျင့်ကောင်းတစ်ခုပါ။

ဒီအချက် ၁၀ ချက်ကို ဒီနေ့ကစပြီး လုပ်ကြည့်ပါ။ တစ်ပတ်ပြီး တစ်ပတ် နောက်ဆုံးတစ်နှစ်ကြာပြီးနောက်မှာ သင့်ဘဝအပြောင်းအလဲကြီးပြောင်းလဲလာပါလိမ့်မယ်။

By MyStyle Myanmar