ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးနိုင်မှဖြစ်မှာပါ။ နှစ်ယောက်သား တိုင်တိုင်ပင်ပင်နဲ့ တစ်ယောက်ကိုတစ်ယောက် လေးစားမှုရှိမှ အိမ်ထောင်ရေးက သာယာနိုင်မှာပါ။ ဒီနေ့မှာတော့ လက်မထပ်ခင် စုံတွဲတွေကြား ဆွေးနွေးသင့်သောအရာတွေအကြောင်း ပြောပြပေးသွားမှာပါ။

Relationship တစ်ခုမှာ အဓိကကျတာကတော့ ယုံကြည်မှုပါပဲ။ ယုံကြည်မှုမရှိဘူးဆိုရင် Relationship ကို အဆုံးသတ်လိုက်တာ အကောင်းဆုံးပါ။ ပြီးတော့ သဝန်တိုမူဆိုတာကလည်း ယုံကြည်မှုနဲ့ ဆက်စပ်နေတဲ့ အချက်ပါပဲ။ သဝန်တိုမှုဆိုတာ ကိုယ့်ရဲ့ပါတနာကို ယုံကြည်မှုမရှိလို့ပါပဲ။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့ အရေးကြီးပါတယ်။ သဝန်တိုတဲ့ ကိစ္စနဲ့ပက်သက်ပြီးတော့လည်း နှစ်ယောက်သား သေချာဆွေးနွေးတိုင်ပင်ပြီး ညှိနိူင်းယူသင့်ပါတယ်။

တစ်ခါတစ်လေ ကိုယ့်ပါတနာရဲ့ အပြစ်အနာဆာကို လက်ခံနိုင်ဖို့အတွက် နှစ်ချီပြီးကြာတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့စုံတွဲတွေဟာ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က စတွဲကတည်းက သိထားကြတယ်။ ဒီလိုသိထားခြင်းအားဖြင့် တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်ကို လက်ခံပေးနိုင်အောင် ကြိုးစားဖို့အခွင့်အရေးရနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တစ်ယောက်အပေါ်တစ်ယောက် စိတ်ပျက်မသွားအောင် တားဆီးနိုင်ပါတယ်။

လက်မထပ်ခင် မမေးမဖြစ်မေးရမယ့်မေးခွန်းတွေကတော့ ကလေးဘယ်နှစ်ယောက်ယူမှာလဲ။ ဘယ်အချိန်မှာ ကလေးယူဖို့အကောင်းဆုံးဖြစ်မလဲ။ မိဘတွေနဲ့ အတူတူနေမှာလာ (သို့) အိမ်ခွဲပြီးနေကြမှာလာ။ ခွေး (သို့) ကြောင်မွေးမှာလာ စတဲ့မေးခွန်းတွေက အရေးကြီးပါတယ်။

စုံတွဲတွေတော်တော်များများဟာ ငွေကြေးကို သေချာတွက်ချက်မူမရှိဘဲ အတူတူမျှဝေသုံးစွဲတတ်ကြတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ ဝင်ငွေတွေက တစ်ယောက်နဲ့တစ်ယောက်မတူညီကြတော့ဘူး။ တကယ်လို့ တစ်ယောက်ကိုတစ်ယောက် ငွေကြေးထောက်ပံ့မှုတွေပေးတော့မယ်ဆိုရင်တော့ သေချာဆွေးနွေးတိုင်ပင်ဖို့လိုအပ်ပါတယ်။ နှစ်ဦးစလုံးအတွက် အဆင်ပြေတဲ့ စည်းကမ်းချက်တွေ ချမှက်ပြီး ငွေကြေးကိုသုံးစွဲသင့်ပါတယ်။

မိသားစုတစ်ခုမှာ ကလေးမွေးဖွားပြီးချိန်တွင် ဘာသာရေးနှင့်ပက်သက်ပြီး သဘောထားကွဲလွဲမှုတွေ ဖြစ်လေ့ရှိကြောင်း ကျွင်းကျင်သူတွေက ပြောထားကြပါတယ်။ မိဘတိုင်းလိုလိုက သူတို့လူမျိုးနဲ့သက်ဆိုင်တဲ့ ယဉ်ကျေးမူကို သူတို့သားသမီးတွေကို ကျင့်သုံးစေချင်ကြပါတယ်။ ဒါကြောင့် လူမျိုးမတူတဲ့သူနဲ့ လက်ထပ်ဖို့ဖြစ်လာခဲ့ရင် သေချာတိုင်ပင်ပြီး ကလေးတွေအတွက် အစီအစဉ်တွေချမှက်ထားသင့်ပါတယ်။