တီရှပ်တွေဟာ သက်တောင့်သက်သာနဲ့ Stylish ဖြစ်ပြီး ဝတ်ဖို့လွယ်တဲ့ လူငယ်ကြိုက်ဖက်ရှင် ဖြစ်ပါတယ်။ တီရှပ်တွေကို Gym သွားတာ ၊ ကမ်းခြေလျှောက်လည်တာကနေ သူငယ်ချင်းတွေနဲ့ အပြင်မှာ တွေ့ဖို့ သွားတာအထိ ဝတ်နိုင်ပါတယ်။ နေရာစုံမှာ ပေါ့ပေါ့ပါးပါး ဝတ်သွားလို့ရတဲ့ တီရှပ်တစ်ထည်ကို ဝယ်တော့မယ်ဆိုရင် ဒီအချက်တွေ ထည့်စဉ်းစားဖို့ လိုပါတယ်။

(၁) Fit

စတိုင်ကျဖို့အတွက် Fitting ဆိုတဲ့ စကားလုံးက အရေးကြီးပါတယ်။ တီရှပ်တစ်ခု အနေတော်ဖြစ်မဖြစ်ဆိုတာ ဆိုဒ်/ ပုခုံးသားကျမှုနဲ့ လက်မောင်းအနေအထားပါ ထည့်တွက်ရပါတယ်။ လက်နှစ်ဘက်ဟာ လက်မောင်းတစ်ဝက်လောက်ပဲ ရှိသင့်ပါတယ်။ အင်္ကျီအောက်ခြေဟာ ခါးနဲ့ ပေါင်ထိပ်အကြားမှာ ရှိသင့်ပါတယ်။

(၂) ချည်သား

များသောအားဖြင့် တီရှပ်ဝယ်ရင် ၁၀၀% ချည်ပဲ ဝတ်သင့်ပါတယ်။ ချည်သားတွေက သဘာဝကျပြီး ပေါ့ပါးသလို အေးလည်းအေးပြီး ဝတ်လို့လည်း ကောင်းပါတယ်။ Polyster တွေလည်း ရွေးသင့်ပေမယ့် ဓါတုချည်မျှင်ကတော့ နည်းနည်း ဝတ်ရတာ သက်တောင့်သက်သာ မရှိပေမယ့် ချွေးစုပ်လို့ အားကစားလုပ်ချိန် ဝတ်ဖို့ကောင်းပါတယ်။

(၃) ဒီဇိုင်း

တီရှပ်တွေကို အမျိုးအစားနှစ်ခု ခွဲလို့ရပါတယ်။ Classic နဲ့ Graphic ပါ။ Classic ဒီဇီုင်းတွေဟာ ရိုးရိုး Solid Color နဲ့ လာပါတယ်။

Graphic ဒီဇိုင်းတွေကတော့ ပုံစံမျိုးစုံထွက်ပြီး အဓိကကတော့ လူငယ်ဆန်ဆန် ခေတ်မီတဲ့ ဒီဇိုင်းပါ။ Graphic ဒီဇိုင်းမှာ စာသား Slogan တွေ ၊ နာမည်ကြီးပုဂ္ဂိုလ်ပုံတူတွေနဲ့ အဖွဲ့အစည်းနဲ့ အသင်းအပင်းနဲ့ ဆိုင်တဲ့ သရုပ်ဖော်ပုံတွေ ပါပါတယ်။

အသက် ၂၀-၂၅ ဆိုရင် Graphicတီရှပ်တွေ ဝတ်တာ ပိုသင့်ပြီး နည်းနည်း လူလတ်ပိုင်းဆိုရင်တော့ Classic ရွေးဝတ်သင့်ပါတယ်။