ဆံသားမပျက်စီးစေဖို့အတွက် ခေါင်းလျှော်တဲ့အချိန်မှာ သတိထားသင့်တဲ့အချက်တွေကို မျှဝေပေးလိုက်ပါတယ်။ ခေါင်းလျှော်တဲ့အခါမှာလည်း ဆံသားကို သေချာဂရုတစိုက်နဲ့ လျှော်ပေးရင်တော့ အကောင်းဆုံးပဲပေါ့။

ခေါင်းလျှော်ရည်အစုံမသုံးပါနဲ့

ခေါင်းလျှော်ရည်ကို ကိုယ်နဲ့အဆင်ပြေတာ တစ်မျိုးထဲမသုံးပဲ တွေ့တာအစုံလျှောက်သုံးတာ၊ သူများကောင်းတယ်ဆိုတိုင်း တစ်မျိုးပြီးတစ်မျိုး ပြောင်းသုံးတာမျိုးတွေ မလုပ်ပါနဲ့။ အစုံသုံးတာက ဗောက်ထပြီး ဦးရေပြား ယားယံစေပါတယ်။ အခန့်မသင့်ရင် ကိုယ်နဲ့မတည့်တာသုံးမိပြီး ဆံပင်ကျွတ်နိုင်ပါတယ်။

လက်သည်းနဲ့မကုတ်ပါနဲ့

ခေါင်းလျှော်တဲ့အခါမှာ လက်သည်းနဲ့ကုတ်ပြီးလျှော်မှ ဂျီးပြောင်တာမဟုတ်ပါဘူး။ အခန့်မသင့်ရင် ဦးရေပြားစပ်ပြီး အနာဖြစ်တာ၊ ဆံပင်ကျွတ်တာတွေပါ ဖြစ်စေပါတယ်။ ဒါကြောင့် လက်သည်းနဲ့မကုတ်ပါနဲ့။

ရေပူနဲ့မလျှော်ပါနဲ့

ရေပူနဲ့ခေါင်းလျှော်တာကို တတ်နိုင်သလောက် ရှောင်ပေးပါ။ ရေပူနဲ့ခေါင်းလျှော်တာက ဆံပင်ကျွတ်ပြီး ထိပ်ပြောင်တာ၊ ဆံသားခြောက်သွေ့တာတွေ ဖြစ်စေပါတယ်။

ခေါင်းမဖြီးပါနဲ့

ခေါင်းမလျှော်ခင်မှာ ဆံပင်အရင်ရှင်းထားပါ။ ပြီးမှ လျှော်ပါ။ ခေါင်းလျှော်တဲ့အချိန်မှ ဖြီးမယ်ဆိုရင် ဆံသားနာပြီး၊ ဆံသားရှုပ်ထွေးပြီး ကျွတ်ပါလိမ့်မယ်။

Conditioner ကို ဦးရေပြားအထိမသုံးပါနဲ့

Conditioner သုံးတဲ့အခါမှာ ဦးရေပြားနားကို ကပ်ပြီးမသုံးပါနဲ့။ ဦးရေပြားကိုထိရင် ပြောင်အောင်လျှော်ရတာ ပိုခက်ပါတယ်။ ဦးရေပြားမှာ Conditoner တွေကျန်နေရင် ဦးရေပြားယားယံပြီး ဗောက်ထတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေတဲ့အတွက် ဒီအချက်ကို သတိထားဖို့ အရေးကြီးပါတယ်။