သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်၊ ရည်းစားနဲ့ပဲဖြစ်ဖြစ် Relationship တိုင်းမှာ မပြုလုပ်သင့်တဲ့အရာတွေ၊ ဆင်ခြင်သင့်တဲ့အရာတွေကို ဆင်ခြင်မှသာ ရေရှည်အတွက် အဆင်ပြေတဲ့ Relationship ကို ပိုင်ဆိုင်နိုင်မှာပါ။ သူငယ်ချင်းတွေကြားမှာလည်း စောင့်ထိန်းသင့်တာ၊ ဆင်ခြင်သင့်တာတွေကို မဆင်ခြင်ရင် ပျက်စီးသွားမှာပါပဲ။

ဖောက်ပြန်ခြင်း

ရည်းစားထားတဲ့အခါမှာ ကိုယ်မကြိုက်ရင် မတွဲပါနဲ့။ မချစ်ရင်လည်း ပွင့်ပွင့်လင်းလင်းပြောဆို ညှိုနှိုင်းပြီး လမ်းခွဲလို့ရပါတယ်။ အဲ့လိုမဟုတ်ပဲ ဖောက်ပြန်တာကတော့ လုံးဝမလုပ်သင့်တဲ့အရာပါ။ ရည်းစားရှိရက်နဲ့ ဖောက်ပြန်တာတော့ စိတ်ပျက်စရာအကောင်းဆုံး လုပ်ရပ်ပါပဲ။

သူငယ်ချင်းရည်းစားကိုစနှိုက်ကျော်ခြင်း

သူငယ်ချင်းရည်းစားကိုလည်း ဘယ်လောက်ပဲခင်မင်နေပါစေ စည်းထားရပါမယ်။ စည်းကျော်တာမျိုး မလုပ်သင့်ပါဘူး။ တစ်ဖက်လူ ဘယ်လိုခံစားရမလဲဆိုတာကို အမြဲကိုယ်ချင်းစာကြည့်ပါ။ လိုတာထက်ပိုပြီး ပက်သက်တာမျိုးတွေတောင် မလုပ်သင့်တာကို လူတွေအများကြီးထဲကမှ သူငယ်ချင်းရည်းစားကို စနှိုက်ကျော်တယ်ဆိုရင်တော့ ကိုယ်ကျင့်တရားမကောင်းရာ ကျပါတယ်။ ဒီလိုလူမျိုးကို ခွင့်မလွှတ်သင့်သလို သူငယ်ချင်းအဖြစ်ကနေပါ စွန့်လွှတ်လိုက်သင့်ပါတယ်။

လျှို့ဝှက်ချက်တွေကိုမထိန်းသိမ်းခြင်း

သူငယ်ချင်းတွေမှာပဲဖြစ်ဖြစ်၊ ချစ်သူရည်းစားတွေမှာပဲဖြစ်ဖြစ် ဘယ်လို Relationship မျိုးမှာမဆို ကိုယ့်ကိုယုံကြည်လို့ လာပြောပြတဲ့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးသင့်ပါတယ်။ အဲ့လိုမဟုတ်ပဲ လာပြောပြထားသမျှကို နောက်ကွယ်မှာ တခြားသူကို ပြန်ပြောပြနေတာမျိုးတွေ၊ ကိုယ်နဲ့အဆင်မပြေမှ ပြန်ပြောပြီး အပုပ်ချတာမျိုးတွေကလည်း မလုပ်သင့်တဲ့အရာပါ။

ကိုယ်ထိလက်ရောက်ပြုလုပ်ခြင်း

Relationship တစ်ခုမှာ ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ်ထိလက်ရောက် လုံးဝမလုပ်သင့်ပါဘူး။ ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ၊ ဘယ်လောက်ပဲ စိတ်တိုနေပါစေ စကားနဲ့ပဲပြောပါ။ လက်မပါပါနဲ့။

ကဲ့ရဲ့ခြင်း

သူငယ်ချင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ ချစ်သူရည်းစား ဆက်ဆံရေးမှာပဲဖြစ်ဖြစ် ကောင်းစေချင်လို့ ဝေဖန်တာမျိုးရပေမယ့် ကဲ့ရဲ့တာမျိုးတော့ မဖြစ်ပါစေနဲ့။ ကိုယ်ချစ်တဲ့သူတွေဆီက ကဲ့ရဲ့တာ၊ Blame တာခံရရင် ပိုပြီးတော့ ခံစားရပါတယ်။ ဒါကြောင့် ဒီအရာကိုလည်း ဆင်ခြင်သင့်ပါတယ်။