Relationship ပြဿနာတွေကို လျှော့ချဖို့ဆိုရင် ချစ်ကြိုက်ခါစမှာကတည်းက ဒီအရာတွေကို ဆင်ခြင်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ ပြဿနာတွေပဲ ခဏခဏတက်ပြီး ပျော်ရတဲ့အချိန်တွေက နည်းလာမယ်၊ ကြာရင် ငြီးငွေ့လာပါလိမ့်မယ်။
ချုပ်ချင်ချင်စိတ်များနေခြင်း
ဒီလူနဲ့ရည်းစားဖြစ်ပြီဆိုတာနဲ့ ကိုယ်ပိုင်ပြီဆိုပြီး အရာရာကို လိုက်ချုပ်ချယ်တာ ပြောဆိုတာမျိုးတွေ မလုပ်ရပါဘူး။ စတွဲခါစမှာကတည်က ချုပ်ချယ်လွန်းနေရင် ကြာလာတဲ့အခါ ပိုဆိုးလာပါမယ်။ တစ်ဖက်လူကလည်း မွန်းကြပ်လာမယ်၊ ကြာလာရင် ပြဿနာတွေဖြစ်ပြီး Toxic Relationship ပဲ ဖြစ်လာပါလိမ့်မယ်။
လိမ်ညာခြင်း
တွဲခါစမှာကတည်းက လိမ်ညာပြီး ကိုယ်လုပ်ချင်တာလုပ်နေတာမျိုးတွေက Relationship တစ်ခုကို ပျက်စီးစေနိုင်ပါတယ်။ နောက်ဆို လိမ်ညာတာတွေက ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ စစချင်းမှာ အဆင်ပြေနေရမှာကို စလာကတည်းက လိမ်ညာတာတွေကြောင့် ပြဿနာတွေတက်နေရမယ်ဆိုရင် ပျော်စရာကောင်းတော့မှာ မဟုတ်ပါဘူး။
ဂရုစိုက်ကြင်နာမှုမရှိခြင်း
ကိုယ့်ချစ်သူအပေါ်မှာ စတွဲကတည်းက ဂရုစိုက်ကြင်နာမှုတွေမရှိရင် ပျော်စရာမကောင်းပါဘူး။ ကြည်နူးစရာတွေ နည်းနေမှာပါ။ တစ်ဖက်လူက ကြာရင် ဒါတွေကိုမြင်လာပြီး အတွေးပေါင်းစုံဝင်ကာ ကိုယ့်ကို ပြဿနာရှာတာမျိုး၊ ရစ်တာမျိုးတွနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ချစ်သူအပေါ်ကို ချစ်ခင်ကြင်နာပေးဖို့၊ ဂရုစိုက်ပေးဖို့ကို မမေ့ပါနဲ့။
ဇာတ်လမ်းမပြတ်ခြင်း
ဇာတ်လမ်းမပြတ်ခြင်းဆိုတာကတော့ Single ဘဝမှာ ပတ်သက်ခဲ့တဲ့သူတွေနဲ့ ရည်းစားရသွားတဲ့အထိ ဆက်ပတ်သက်နေတာမျိုး၊ မရှုပ်မရှင်းတွေ လုပ်တာမျိုးပါ။ ဒါတွေက သစ္စာမရှိတာနဲ့ တူတူပါပဲ။ ဒီလိုကိစ္စတွေက Relationship တွေကို အလွယ်တကူ ပျက်စီးသွားစေမယ့် အရာတွေပါ။ ဒါကြောင့် ရည်းစားရသွားပြီဆိုရင် ကိုယ့်ရည်းစားအပေါ်မှာပဲ သစ္စာရှိပေးပါ။ ပွေရှုပ်တာတွေလည်း မလုပ်သင့်ပါဘူး။