မိန်းကလေးတွေနဲ့ Period ဆိုတာ ခွဲခြားထားလို့ရတာမျိုးတော့ မဟုတ်ပါဘူး။ တစ်လမှာတစ်ကြိမ် ပုံမှန်လိုမျိုးဖြစ်နေတော့ မိန်းကလေးတွေအတွက် အသားကျနေပြီလို့ထင်ရပေမယ့် ကိုက်ခဲမှုတွေ၊ စိတ်မသက်မသာဖြစ်စရာတွေကြောင့် အမြဲတမ်းပင်ပန်းနေရတာပေါ့။ ဒီလိုတွေမဖြစ်ရလေအောင် ဘာတွေကြိုတင်ပြင်ဆင်ကြမလဲ။

ကြိုတင်ပြင်ဆင်ထားပါ

Photo Source : The Independent

ကိုယ့်ရဲ့နေစွဲလေးတွေနားကို ရောက်တော့မယ်ဆိုရင် လိုအပ်တာလေးတွေကို ကြိုတင်ပြင်ဆင်ထားပါ။ Pad တွေရှိမရှိကြည့်ကြည့်ပါ။ မရှိတော့ဘူးဆိုရင် ကြိုတင်ဝယ်ထားပါ။ ဖြစ်လာတဲ့နေ့မှ မရှိနေရင် အရေးပေါ်အခြေအနေတွေဖြစ်ကုန်ပြီး စိတ်ရှုပ်စရာတွေပဲဖြစ်လာမှာပါ။

ကဖင်းဓာတ်ကိုရှောင်ပါ

Photo Source : The Reader Digest

ဒီလိုမျိုး Period ဖြစ်နေတဲ့အချိန်မှာတော့ ကဖင်းဓာတ်ပါတာတွေကို သုံးဆောင်တာတွေ လျော့ထားစေချင်ပါတယ်။ သင့်အစာအိမ်ကို ထိခိုက်စေပြီး ဗိုက်အောင့်တာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

သက်တောင့်သက်သာရှိတာမျိုးကို ဝတ်ဆင်ပါ

Photo Source : Travel Fashion Girl

ဒီလိုအချိန်မျိုးမှာတော့ သက်တောင့်သက်သာဖြစ်စေမယ့် အဝတ်အစားမျိုးတွေကို ရွေးချယ်ပြီးဝတ်တာက အကောင်းဆုံးပါပဲ။ ကျပ်ကျပ်ထုပ်ထုပ်နဲ့ စိတ်မသက်သာစရာတွေကို ဝတ်နေမယ်ဆိုရင်တော့ မဖြစ်သေးဘူးပေါ့။ ဒီလိုမျိုးအချိန်ဆိုရင် နည်းနည်းလေးစိတ်ရှုပ်စရာဆိုရင်တောင် အများကြီးစိတ်ရှုပ်တတ်တာလေ။ စိတ်ကြည်ကြည်လင်လင်ပဲနေဖို့ဆိုရင်တော့ သက်တောင့်သက်သာဖြစ်မှာမျိုးတွေကို ရွေးဝတ်ပါ။

ရေများများသောက်ပေးပါ

Photo Source : Reader Digest

ရေများများသောက်ပေးတာက သင့်ခန္ဓာကိုယ်တွင်းမှာရှိနေတဲ့ အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို လျော့နည်းသွားစေပြီး ကိုက်ခဲမှုဝေဒနာတွေကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။

ရေချိုးပါ

Photo Source : Safebee

ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာ စိတ်ကိုကြည်လင်လန်းဆန်းနေစေဖို့အတွက် ရေချိုးတာကို လုပ်ပေးဖို့တော့လိုပါတယ်။ မလုပ်ချင် မထချင်ဖြစ်နေတာကို သိပေမယ့် မလန်းမဆန်းတဲ့တိုင်း ဆက်နေနေမယ်ဆိုရင်တော့ စိတ်တွေပဲပိုပြီးရှုပ်ထွေးလာပါလိမ့်မယ်။

ရာသီလာတယ်ဆိုတာ မိန်းကလေးတိုင်းအတွက် မဆန်းကြယ်တော့ဘူးဆိုပေမယ့်လည်း နာကျင်မှုတွေကြောင့် စိတ်မသက်သာဖြစ်တာ၊ မရွှင်လန်းတာတွေကြောင့် ပိုပြီးတော့ ခက်ခက်ခဲခဲဖြတ်သန်းရတတ်ပါတယ်။ ဒီအချက်တွေကို ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်တော့ အကောင်းဆုံးပါနော်။