တက်တူးဟာ သင့်အတွက် အမြဲမပျက်မယွင်းတည်ရှိနေမယ့် အရာဖြစ်ပါတယ်။ သင့်ဘဝတစ်လျှောက်လုံးမှာ တက်တူးဟာ အကောင်းဆုံးအဖော်အဖြစ် အတူရှိနေမှာပါ။ သင်တက်တူးစထိုးတော့မယ်ဆိုရင် စိတ်ဝင်စားဖွယ် တက်တူးဒီဇိုင်းတွေကို သင်ရွေးချယ်ဖို့လိုပါတယ်။ လက်ရှိမှာရော၊ သင့်အနာဂတ်မှာပါ ဆန်းသစ်နေတဲ့ တက်တူးဒီဇိုင်းတွေကို ရွေးချယ်လိုက်ပါ။

တက်တူးပညာရှင်များ ဘယ်လိုရွေးမလဲ။

သင့်ရဲ့တက်တူးတွေအတွက် အဆင့်မြင့်တက်တူးပညာရှင်တွေ လိုအပ်ပါတယ်။ သူတို့ရဲ့ ခေတ်မှီဆန်းသစ်တဲ့ အိုင်ဒီယာတွေက သင့်တက်တူးတွေကို စတိုင်ကျလန်းဆန်းစေမှာပါ။

တက်တူးဒီဇိုင်းရွေးတဲ့နေရာမှာ ဘယ်လိုစဉ်းစားမလဲ။

တက်တူးဒီဇိုင်းတွေရွေးချယ်တဲ့အခါ သင့်ရဲ့စိတ်ဝင်စားမှုပေါ်မူတည်ပြီး ရွေးသင့်ပါတယ်။ တချို့တက်တူးထိုးသူတွေက သူတို့ချစ်တဲ့သူတွေ၊ သူတို့ရူးသွပ်တဲ့အနုပညာရှင်တွေရဲ့ပုံကို ရွေးချယ်တတ်ကြပြီး တချို့ကတော့ ပန်းချီပုံတွေ၊ ဂီတသင်္ကေတတွေ၊ စာသားလေးတွေကို ရွေးချယ်ကြပါတယ်။ သင်ဘာကိုရူးသွပ်လဲဆိုတာကို သင်ကိုယ်တိုင်သေချာခံစားမိပြီး တက်တူးဒီဇိုင်းတွေကို ရွေးချယ်သင့်ပါတယ်။

ခန္ဓာကိုယ်ရဲ့ဘယ်နေရာတွေမှာ တက်တူးထိုးမလဲ။

တက်တူးထိုးတဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ ဘယ်နေရာတွေမှာ ထိုးမလဲဆိုတာလည်း အရေးကြီးတဲ့အချက်ပါ။ မိန်းကလေးအများစုကတော့ လက်မောင်း၊ ကျောဘက်၊ လက်ကောက်ဝတ်၊ ခြေမျက်စိ စတဲ့နေရာတွေမှာ အထိုးများကြပါတယ်။ နောက်ပိုင်းခေတ်စားလာတဲ့ တက်တူးထိုးတဲ့နေရာက လည်ပင်းနဲ့လက်တွေမှာပဲဖြစ်ပါတယ်။ တက်တူးကို လည်ပင်းနဲ့ဂုတ်ကြားထဲမှာ ထိုးကြသလို လက်ဖမိုးပေါ်မှာလည်း ထိုးလာကြပါတယ်။ သင်တက်တူးဒီဇိုင်းအလန်းတွေနဲ့ စတိုင်ကြဖို့အတွက် တက်တူးထိုးတဲ့ ခန္ဓာကိုယ်နေရာရွေးချယ်မှု မှန်ကန်ဖို့လည်းလိုအပ်ပါတယ်။