သင်က နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ရည်ရွယ်ချက် ရှိတယ်ဆိုရင် အခုချိန်မှာ ပိုက်ဆံကို အကြွေလေးတွေက အစ စုနေလောက်ပါပြီ။ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့် သူတွေ အနေနဲ့ ပိုက်ဆံစုတဲ့ကိစ္စအပြင် တခြားသိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။ ဒီတော့ ဆက်ကြည့်လိုက်ရအောင်-

၁။ လိုအပ်တဲ့ ပစ္စည်းတွေ၊ ဖိုင်တွေ အဆင်သင့်ပြင်ထားပါ

နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့် သူတွေအနေနဲ့ လိုအပ်တဲ့ ဗီဇာ၊ Passport, ကျောင်းထောက်ခံစာ၊ အမှတ်စာရင်း စတဲ့ အရာအားလုံးကို သေချာစုံစမ်းပြီး အဆင်သင့်ပြင်ထားသင့်ပါတယ်။ Passport လုပ်ပြီးသား ရှိရင်လည်း သက်တမ်း Expiration Date ကို သေချာ ကြည့်သင့်ပါတယ်။

၂။ Currency Exchange ကို နားလည်အောင် လုပ်ပါ

သင်သွားမယ့် နိုင်ငံမှာ Currency Exhange ဘယ်လိုရှိလဲ အမြဲလေ့လာသင့်ပါတယ်။ ဒေါ်လာဈေးတွေက မတည်ငြိမ်တာကြောင့် အမြဲ မျက်စိဖွင့် နားစွင့်ထားဖို့တော့ လိုပါမယ်။

၃။ ကိုယ်သွားမယ့် နိုင်ငံအကြောင်း အမြဲလေ့လာပါ

သင်သွားဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံမှာ လက်ရှိဘာတွေ ဖြစ်နေလဲ၊ ဘာတွေ ထူးခြားလဲ စတာတွေကို အမြဲလေ့လာနေသင့်ပါတယ်။ နိုင်ငံရေး အခြေအနေ တည်ငြိမ်ရဲ့လား၊ ကျန်းမာရေးနဲ့ ပတ်သက်ရင်ကော စိတ်ချရရဲ့လား စသဖြင့် အမြဲ လိုက်ကြည့်သင့်ပါတယ်။

၄။ ကျန်းမာရေး အချက်အလက်တွေ စုံအောင် လုပ်ထားပါ

သင့်ကျန်းမာရေး အချက်အလက်တွေကို နိုင်ငံခြား မသွားခင်တည်းက အကုန်စုံအောင် စီမံထားသင့်ပါတယ်။

၅။ အစီအစဉ်တကျ ကြိုစီမံထားပါ

တစ်နေရာ ကနေ တစ်နေရာ လေယာဉ်စီးတဲ့အချိန်၊ ကုန်မယ့် ပိုက်ဆံပမာဏ စတာတွေကို သေချာ အစီအစဉ်တကျ ကြိုတွက်ထားသင့်ပါတယ်။ သူများ နိုင်ငံမှာ သွားနေရမှာမို့ လိုအပ်သမျှကို အစီအစဉ်တကျ စီမံထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

၆။ သင့်မှာ ရှိတဲ့ ပစ္စည်းတိုင်းက အသိအမှတ်ပြုခံရလား ဆန်းစစ်ပါ

တစ်ခါတလေ ကိုယ့်ပိုင်ဆိုင်မှု အချို့ကို တခြားနိုင်ငံက လက်မခံတာတွေ ရှိပါတယ်။ သင်က မသွားခင်တည်းက အကြံပေးသူတွေနဲ့ သေချာ တိုင်ပင်သင့်ပါတယ်။ သူတို့ ပြောတဲ့အတိုင်း တသွေမတိမ်း လိုက်လုပ်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar