မင်္ဂလာပါ… ပျိုမဒီတို့ရေ… ခန္ဓာကိုယ်က မလိုအပ်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားဖို့ မိန်းကလေးတွေတော်တော်များများက အခုဆိုရင် Laser နဲ့ Hair Removal လုပ်လာကြပါပြီ ။

Laser နဲ့ Hair Removal လုပ်တာက မလိုအပ်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားပေးရုံသာမက အထူးသဖြင့် Skin Tone ညစ်တာကိုလည်း ကူညီပေးပါတယ်။ ဒါပေမယ့် Laser နဲ့ Hair Removal မလုပ်ခင်မှာ ကောင်းကျိုး ဆိုးကျိုးများနဲ့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများကို  သတိထားသင့်ပါတယ်။

Laser နဲ့ Hair Removal လုပ်တဲ့အခါ လေဆာရောင်ခြည်ကြောင့် နာကျင်မှုကို နည်းနည်းခံစားရနိုင်ပါတယ်။

အထူးသဖြင့် နှာခေါင်း၊ မေးစေ့နဲ့ နားသယ်စပ်နားက အရေပြားက ပါးတာမလို့ တခြားနေရာထက် နာကျင်မှုကို ပိုခံစားရတတ်ပါတယ်။

ပထမဆုံး Treatment လုပ်ပြီးရင် နှစ်ပတ် သို့မဟုတ် သုံးပတ်လောက်ကြာမှ ရလဒ်ကိုမြင်ရမှာပါ။ Full Result ရဖို့အတွက်ကတော့ Treatment ကို ၈ ကြိမ်ကနေ ၁၂ ကြိမ်လောက် လုပ်ပေးသင့်ပါတယ်။

ကြားထဲမှာ မသွားဘဲ ရပ်လိုက်ရင် ပြန်ပေါက်လာနိုင်တာမလို့ အကြိမ်အရေအတွက် ပြည့်တဲ့အထိ မပျက်မကွက် လုပ်ပေးသင့်ပါတယ်။

Laser နဲ့ Hair ထိတွေ့တဲ့အခါ ညှောနံ့ထွက်ပြီး ယားယံတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် Laser နဲ့ Hair Removal မလုပ်ခင်မှာ ကြိုပြီး Shaving လုပ်သွားသင့်ပါတယ်။

Laser နဲ့ Hair Removal လုပ်ပြီးရင်Laser ရဲ့အပူက အရေပြားမှာ 24 နာရီအထိ ရှိနေတာမလို့ Hair Removal လုပ်ပြီးနောက်ပိုင်း Gym တော့ ရေနွေးအပူနဲ့ရေချိုးတာမျိုး မလုပ်သင့်ပါဘူး။ လုပ်မိရင် ယားယံတာမျိုး ဖြစ်တတ်ပါတယ်။

Laser နဲ့ Hair Removal မလုပ်ခင်နဲ့လုပ်ပြီးနောက်ပိုင်း နေရောင်ခြည်နဲ့ ထိတွေ့တာကို တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။