အွန်လိုင်းခေတ်ကြီးမှာ ရည်းစားရှာပေးမယ့် ဖူးစာဖက်အက်ပလီကေးရှင်း Dating App တွေလည်း မနည်းပါဘူး။ Dating Apps ကြောင့်သမီးရည်းစားဖြစ်သွားသူတွေရှိသလို Dating App ပေါ်မှာအခုပြောမယ့် အမှားတွေလုပ်မိလို့ သီးချိန်တန် မသီးရတဲ့ လူပျိုကြီး အပျိုကြီးတွေလည်း ရှိကြပါတယ်။

(၁) ပုံကောင်းကောင်းမတင်တာ

ဓါတ်ပုံတွေဟာ အွန်လိုင်း Dating Profile ကောင်းတစ်ခုအတွက် အရေးကြီးဆုံး ကနဦး သက်သေပါ။ တစ်နည်းအားဖြင့် Dating Profile မှာ တင်ထားတဲ့ ပုံဟာ အခန်းတံခါးတစ်ချပ်နဲ့တူပါတယ်။ အခန်းတံခါး လာခေါက်ချင်အောင် အလှဆင်ထားဖို့က အရေးကြီးဆုံးပါပဲ။ ရုပ်ထွက်မကောင်းတဲ့ ပုံဝါးဝါးကြီးတင်တာ  ပေါက်ကရလျှောက်လုပ်နေတဲ့ ပုံတွေ တင်တာ  နေကာမျက်မှန်အမည်းကြီး တပ်ပြီး ဘယ်သူဘယ်ဝါမှန်း မသိတဲ့ ပုံတင်တာတို့အဖွဲ့လိုက် Group ပုံနဲ့ ကိုယ့်ကိုယ်ကို ဘယ်သူမှန်းမသိသာစေတဲ့ ပုံတွေတင်တာဟာ Impression ကျပါတယ်။ ရုပ်ထွက်ကောင်းပြီး တောက်ပသားနားတဲ့ အပြုံးနဲ့ ကိုယ့်ရဲ့ အလှဆုံး Solo Photo တင်ပါ။

(၂) ဘယ်သူမှန်း မသိရတာ

Dating App တွေမှာ ကိုယ့်ရဲ့ အကြောင်း Short Bio တစ်ခုရေးရပါတယ်။ ဒီအတ္ထုပ္ပတ္တိငယ်ဟာ ကိုယ့်ရဲ့ လက်တွဲဖော် ဖြစ်လာနိုင်သူကို ဆွဲဆောင်နိုင်တဲ့ စိတ်ဝင်စားစရာ ကိုယ်ရေး အကျဉ်းဖြစ်ဖို့လိုပါတယ်။ အမည် မွေးနေ့ မွေးရက်နဲ့ဝါသနာလောက် ဖြည့်ထားတာက ပျင်းစရာကြီးပါ။ တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ ကိုယ်ရေးအကျဉ်းကို လူစိတ်ဝင်စားစေဖို့ ဒဿနတစ်ခုခု ၊ နာမည်ကြီး ရုပ်ရှင်ထဲကစာသားတစ်ကြောင်းကြောင်း ရေးထားသင့်ပါတယ်။ တကယ်လို့ ကိုယ်ဟာ ပျော်ရွှင်တတ်သူဆိုရင်လည်း ဟာသတိုလေးတွေနဲ့ ဖွင့်ထားလို့ရပါတယ်။ ဆိုလိုတာက ကိုယ်ဟာအများနဲ့ မတူကွဲပြား ထူးခြားတဲ့သူဖြစ်ကြောင်း ပြသနေဖို့ပါပဲ။

(၃) ယုံကြည်မှု နည်းလွန်း  များလွန်းခြင်း

ကိုယ့်ကိုယ်ကို ယုံကြည်တဲ့သူဟာ ဆွဲဆောင်မှုရှိပါတယ်။ လွန်ကဲသွားရင်တော့ အမြင်ကတ်စရာ ဘဝင်မြင့်သူတစ်ယောက်လို့ ထင်သွားတတ်ပါတယ်။ ယောကျ်ားလေးတွေအနေနဲ့ဆို မိန်းကလေးတွေဟာ ရိုးသား တည်ကြည်ပြီး လိုက်လျောမှု ရှိတတ်သူ ၊ ဦးဆောင်နိုင်ပြီး ညှာတာထောက်ထားစိတ်ကြီးသူနဲ့ တိုးတက်ချင်စိတ်ရှိသူမျိုးကို သဘောကျတာပါ။ ဒီလိုပဲ သိမ်ငယ်စိတ်ရှိတဲ့သူမျိုးကိုလည်း ဘယ်အမျိုးသမီးကမှ အားကိုးချင်စိတ်ရှိမှာမဟုတ်ပါဘူး။ အွန်လိုင်း Dating တွေဟာ စာနဲ့ပဲ အဆက်အသွယ်လုပ်ပြီး အဆင်ပြေမှ အပြင်မှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် Date ကျတာ ဖြစ်လို့ကိုယ့်ကို အာရုံစိုက်အောင် ပြောဆိုဆက်သွယ်တတ်ဖို့လိုပါတယ်။

(၄) လူချင်းတွေ့ဖို့မအားသူ

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ လူချင်းတွေ့ဖို့အချိန်မပေးနိုင်ရင်တော့ Online Dating ဟာ ရေစုန်မျောဖို့များပါတယ်။