ကိုယ်ထက်အသက်ငယ်တဲ့ကောင်လေးတွေကို သဘောကျတဲ့ မမတွေရှိလား။ ချာတိတ်လေးတွေကို ချစ်သူတော်မယ်ဆိုရင် ထင်သလောက်မလွယ်ကူပါဘူးနော်။ ရည်းစားဖြစ်သွားရင်လည်း လိုက်နာရမယ့်အချက်တွေ အများကြီးရှိပါတယ်။ ဒါကြောင့်သင်ဟာ အသက်ငယ်တဲ့ကောင်လေးတစ်ယောက်နဲ့ ချစ်သူတော်တော့မယ်ဆိုရင် ဒီအချက်တွေ မဖြစ်မနေ သိထားဖို့လိုပါတယ်။

(၁) စမတ်ကျကျနေတက်ရမယ်

အသက်ငယ်တဲ့ ကောင်လေးအများစုက စမတ်ကျတဲ့ မမတွေကို ပိုပြီးသဘောကျတက်ကြတာပါ။ ဒါကြောင့် သင့်ရဲ့ အဝတ်အစား အနေအထိုင်အပြောအဆိုကအစ စမတ်ကျကျနဲ့ အထာကျနေသူတစ်ယောက်ဖြစ်ဖို့ အရမ်းကိုအရေးကြီးပါတယ်။ ကောင်လေးရဲ့ အမြင်မှာ ထော်လော်ကန့်လန်ဖြစ်စေမယ့် အဝတ်အစားမျိုး ဖက်ရှင်မျိုးတွေကို လုံးဝရှောင်ကြည်ပြီး တည်ငြိမ်သူတစ်ယောက်အဖြစ် စမတ်ကျကျနေတက်ရပါမယ်။

(၂) ရင့်ကျက်မှုရှိရပါမယ်

ကိုယ်သဘောကျတဲ့ကောင်လေးက ကိုယ့်ထက်အသက်ငယ်မယ်ဆိုရင် သူထက်စာရင် ကိုယ့်ရဲ့အတွေးအခေါ်တွေ စကားပြောဆိုပုံတွေက ပိုပြီးတည်ငြိမ်ရင့်ကျက်နေမှ အဆင်ပြေမှာပါ။ အချိန်တိုင်းရုပ်တည်နဲ့ နေဖို့မလိုပါဘူး။ စကားပြောရာမှာ တည်ကြည်မှုရှိပြီး လူကြီးလူကောင်းဆန်စွာနေထိုင်ရင်အဆင်ပြေပါတယ်။

(၃) လမ်းပြဦးဆောင်နိုင်ရမယ်

ချစ်သူစုံတွဲတစ်ခုက ယောကျာ်းလေးတွေက ဦးဆောင်သူဖြစ်တာများပေမယ့်လည်း တကယ်တမ်းတော့အသက်အရွယ်နဲ့ဆိုင်တာပါ။ အသက်ငယ်တဲ့ကောင်လေးတွေကို ချစ်သူတော်ထားတဲ့မမတွေဆိုရင် ပိုပြီး ဦးဆောင်လမ်းပြနိုင်သူတစ်ယောက်ဖြစ်ဖို့လိုအပ်ပါတယ်။ သူတို့ကို အကြံဉာဏ်ကောင်းတွေပေးနိုင်တာ ဦးဆောင်နိုင်တာ အမှားအမှန်ကိုခွဲခြားပြနိုင်တာ စသည့်ဖြင့်ကိုယ်ကလမ်းပြသူ တစ်ယောက်ဖြစ်နေမှသာ ကိုယ့်အပေါ်အချစ်တွေပိုမှာပါ။