ညှို့ငင်စွမ်းပြင်တဲ့ မျက်ဝန်းတစ်စုံလိုပဲ ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းတစ်စုံကလည်း သင့်ရဲ့မျက်နှာအလှအပကို လှသထက် လှလာအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ လေထုညစ်ညမ်းမှု၊ ဓာတုပစ္စည်းများ ပါဝင်တဲ့အလှကုန်ပစ္စည်းများကို အလွန်အကျွံအသုံးပြုခြင်းကြောင့် သင့်ရဲ့နှုတ်ခမ်းသားလေးက ပန်းနုရောင်သမ်းမနေတော့ဘဲ မဲညစ်လာပါတော့တယ်။

နှုတ်ခမ်းသားက အရင်လို မလှကတော့ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့်နည်းလမ်းလေးများနဲ့ သေသေချာချာဂရုစိုက်ပေးသင့်ပါတယ်။

နှုတ်ခမ်းကိုက်တတ်သော အကျင့်ဆိုးကို ဖျောက်ဖျက်ပါ

လူအများစုက စိတ်လှုပ်ရှားတဲ့အခါ နှုတ်ခမ်းကိုက်တတ်ကြပါတယ်။ တချို့ကလည်း နှုတ်ခမ်းကို လျှာဖြင့် မကြာခဏ သပ်လေ့ရှိပါတယ်။ ထိုအလေ့အကျင့်ဆိုးက နှုတ်ခမ်းရဲ့အလှအပကို ထိခိုက်တာကြောင့် မပြုလုပ်သင့်ပါဘူး။

Lip Balm မကြာခဏ လိမ်းပေးလိုက်ပါ

Lip Balm လိမ်းပေးခြင်းက နှုတ်ခမ်းကို အစိုဓာတ်ဖြည့်တင်းပေးတာကြောင့် နှုတ်ခမ်းနီမဆိုးဘဲနဲ့ သဘာဝအတိုင်း လှပတဲ့နှုတ်ခမ်းတစ်စုံပိုင်ဆိုင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

ခရမ်းလွန်နေရောင်ခြည်ဒဏ်ကာကွယ်ပေးတဲ့ SPF ပါဝင်သော နှုတ်ခမ်းနီများ ဆိုးပေးခြင်းဖြင့်လည်း သင့်နှုတ်ခမ်းကို နေလောင်ဒဏ်မှ ကာကွယ်လိုက်ပါ။

တစ်ပတ် တစ်ကြိမ်ခန့် နှုတ်ခမ်းကြေးချွတ်ပါ

ဆဲလ်သေများက နှုတ်ခမ်းအပြင်လွှာမှာ တည်ရှိနေကြပြီး ထိုဆဲလ်သေများကို ဖယ်ရှားမှသာ သင့်နှုတ်ခမ်းက စိုစိုပြေပြေလေးဖြစ်နေမှာပါ။ သံလွင်ဆီနဲ့ သကြားတို့ အသုံးပြုပြီး တစ်ပတ်တစ်ကြိမ်ခန့် ကြေးချွတ်ပေးလိုက်ပါ။

အခြားနည်းလမ်းတစ်မျိုးကတော့ အယ်လ်မွန်ဆီနဲ့ ပျားရည် အသုံးပြုခြင်းပဲဖြစ်ပါတယ်။ သံလွင်ဆီနဲ့ ပျားရည်ကို ရောနှောပြီး နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းကာ မနက်မိုးလင်းမှ မျက်နှာသစ်ပေးလိုက်ပါ။

နှုတ်ခမ်းခြောက်နေတယ်ဆိုရင်တော့ သံလွင်ဆီနဲ့ Vaseline ကို ရောနှောပြီး နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ တစ်ရက်ကို ၃ ကြိမ်၊ ၄ ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် ခြောက်နေတဲ့နှုတ်ခမ်းက ချက်ချင်း နူးညံ့စိုပြေလာပါလိမ့်မယ်။

ရေများများသောက်ပါ

ခန္ဓာကိုယ်ရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိက ရေဓာတ်ဖြင့် ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်လာပြီဆိုရင်တော့ နှုတ်ခမ်းခြောက်လာပြီး နှုတ်ခမ်းရဲ့အရောင်က သဘာဝအရောင် မရှိတော့ဘဲ မည်းညစ်လာတတ်ပါတယ်။ ရေများများသောက်ခြင်း၊ ဖရဲသီး၊ သခွားသီး၊ လိမ္မော်သီး စတဲ့ ရေဓာတ်ကြွယ်ဝသော သစ်သီးများ စားသုံးခြင်း စတဲ့အလေ့အကျင့်ကောင်းများကို မွေးမြူသင့်ပါတယ်။

Source: Stylecraze.com

By MyStyle Myanmar