နေ့စဉ်နေ့တိုင်း ဆံပင်တွေကို ဆံပင်အတွက်သုံးတဲ့ ကိရိယာတွေနဲ့ ပြင်ဆင်နေရတော့ အပူဒဏ်တွေကြောင့် ဆံသားတွေကအနှေးနဲ့ အမြန်ပျက်စီးစေနိုင်ပါတယ်။ ဒီလိုမျိုး ဆံပင်တွေကိုပြုပြင်နေတဲ့အခါတွေမှာ ဆံသားပျက်စီးတာမျိုးတွေမရှိစေဖို့အတွက်ဆိုရင်တော့ ဒီအချက်တွေကို လုပ်ပေးမှရမယ်နော်။

ဆံပင်ပုံစံတွေမပြောင်းလို့ ဆံပင်ပျက်စီးစရာမလိုဘူးလို့တော့ မတွေးလိုက်ပါနဲ့နော်။ ခေါင်းလျှော်တဲ့အခါမှာ ဆံပင်တွေကိုခြောက်အောင် လေမှုတ်တဲ့အခါမှာလည်း အပူဒဏ်တွေက သင့်ဆံသားတွေကို ပျက်စီးလာစေနိုင်တယ်နော်။

အပူချိန်ကိုလျော့ထားလိုက်ပါ

မတက်သာတော့လို့ မဖြစ်မနေသုံးရတော့မယ်ဆိုရင်လည်း အပူချိန်ကိုအနည်းဆုံးထားထားဖို့တော့ လိုအပ်ပါတယ်နော်။ အပူချိန်အရမ်းများလွန်းရင် ဆံသားတွေကိုခြောက်သွေ့လာပြီး ပျက်စီးတာမျိုးတွေ ဖြစ်လာစေနိုင်တာကိုတော့ သတိထားဖို့လိုပါတယ်။

မြန်မြန်လုပ်ပေးဖို့လိုပါတယ်

အသုံးပြုတဲ့အခါမှာလည်း အချိန်အကြာကြီးအသုံးပြုတာက ပျက်စီးစေနိုင်တယ်ဆိုတော့ မြန်မြန်ပြီးအောင်သုံးပေးသင့်ပါတယ်နော်။ ခေါင်းလျှော်ပြီးသွားတဲ့အခါ ဆံတွေကိုခြောက်အောင် လေနဲ့မှုတ်တဲ့အချိန်မှာလည်း အချိန်အကြာကြီးအသုံးမပြုလေ အကောင်းဆုံးဖြစ်လေပါ။

အရည်အသွေးကောင်းတာမျိုးကိုရွေးချယ်ပါ

အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းမျိုးအချိန်အရမ်းကြာပြီးနေတဲ့ ပစ္စည်းမျိုးတွေကိုသုံးတာကတော့ ဆံသားတွေအတွက်ပိုစိတ်ချရပြီး၊ မကောင်းတဲ့အနံ့ထွက်တာလည်း လျော့နည်းစေမှာပဲဖြစ်ပါတယ်။

တိုးတက်လာတဲ့ခေတ်ကြီးဆိုတော့လည်း အချိန်ကုန်သက်သာစေဖို့ ဒီလိုမျိုး ဆံပင်အတွက်ကိရိယာတွေကို သုံးဖို့ကြုံလာတဲ့အခါမှာ ဆံပင်ပျက်စီးတာတွေကနေ သက်သာအောင် ဒီလိုမျိုးတွေလုပ်ဖို့က လိုအပ်ပါတယ်နော်။

Featured Image Source: curlingdiva.com