ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ခွဲကြောင်းထိပ်နားမှာ ဆံပင်ပါးသထက် ပါးလာပြီလား။ ဆံပင်ကျွတ်ခြင်းဟာ သွိုင်းရွိုက်နဲ့ဆက်စပ်တဲ့ ရောဂါ ၊ စိတ်ဖိစီးမှု ၊ သွေနီဥအားနည်းခြင်း ၊ ကိုယ်ခံအားစနစ် မမှန်ခြင်းတွေနဲ့ဆက်စပ်မှု ရှိနိုင်ပါတယ်။

တစ်ချို့ကလည်း မျိုးရိုးလိုက်ပြီး ထိပ်ပြောင်တာ ဖြစ်နိုင်ပါတယ်။ ငယ်ငယ်ရွယ်ရွယ် နဲ့ နဖူးစပ်က ဆံပင်တွေ ကျွတ်လာပြီဆိုရင် အခုပြောမယ့် အချက်တွေ ဂရုတစိုက် လိုက်နာသင့်ပါတယ်။

Dryer မသုံးပါနဲ့

ဆံပင်ကျွတ်လာပြီဆိုရင် သတိထားပါ။ ရေချိုးခန်းက ထွက်လာတာနဲ့ Dryer သုံးပြီး အခြောက်ခံတာမျိုး မလုပ်မိဖို့လိုပါတယ်။ ဆံပင်ကို မျက်နှာသုတ်ပုဝါ အနုစားနဲ့ဖွဖွလေးသုတ်ပြီး သဘာဝအတိုင်း ခြောက်သွေ့အောင်ထားပါ။ ရေစိုနေချိန်မှာ ဆံပင်ကိုဘီးနဲ့ခပ်ကြမ်းကြမ်းဖြီးတာလည်း ရှောင်သင့်ပါတယ်။

ဆံပင်ကို ဆေးမဆိုးပါနဲ့

ဆံပင် ကာလာတင်ခြင်းဟာ Hair Loss ဖြစ်ဖို့အလားအလာ ပိုများစေပါတယ်။ ဆံသားထဲ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဝင်ပြီး ပျက်စီးစေနိုင်လို့ ဆံပင်ဆေးဆိုးတာမျိုး ရှောင်ပါ။

အာဟာရ

စားသောက်တဲ့ အာဟာရမလုံလောက်ရင်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ အကောင်းဆုံးက ကိုယ့်ကိုယ်တွင်းမှာ သံဓါတ် ၊ ဇင့်နဲ့ဖက်တီအက်ဆစ် Level မှန်မမှန်သိဖို့သွေးစစ်တာပါပဲ။ ပြီးရင်တော့ Diet လုပ်ပြီး ဆံပင်ကျွတ်ခြင်းကို သက်သာအောင် ကာကွယ်သင့်ပါတယ်။

ဦးခေါင်းကို နှိပ်နယ်ပေးပါ

လေ့လာမှုတစ်ခုအရ ဦးရေပြးကို ခပ်ဖွဖွ နှိပ်နယ်ပေးခြင်းဟာ ဆံပင်သန်စွမ်းစေတယ်လို့ဆိုပါတယ်။ နှိပ်ပေးခြင်းကြောင့် သွေးစီးဆင်းမှု ပိုများလာပြီး ဆဲလ်တွေကို ပိုပြီး နှိုးဆွနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဆံပင်ကျွတ်ခြင်းဟာ စိတ်ဖိစီးမှု များသူတွေမှာ အဖြစ်များတာကြောင့် စိတ်ဖိစီးမှုကို လျှော့ချဖို့လည်း အကြံပြုချင်ပါတယ်။