မိန်းကလေး တော်တော်များများဟာ မိတ်ကပ်ဖျက်ပြီဆိုရင် မျက်နှာသစ်ဆေးနဲ့ပဲ သစ်ကြတာများပါတယ်။ တချို့ကျတော့လည်း Makeup Remover နဲ့ဖျက်ပြီး မျက်နှာသစ်တာလောက်နဲ့ပဲ ပြီးသွားကြတာပါ။

တကယ်တော့ လိမ်းထားတဲ့မိတ်ကပ်တွေ အကုန်ပြောင်ပြီး သန့်စင်သွားအောင်လုပ်ရမယ့်အရာတွေနဲ့ မျက်နှာသစ်ပြီးရင် လုပ်ရမယ့်အရာတွေလည်း ရှိပါသေးတယ်။

ပထမဆုံးအနေနဲ့ Eyeliner တွေနဲ့ ခြယ်ထားတဲ့ Eyeshadow တွေကို Eye Makeup Remover နဲ့ဖျက်ပေးရပါမယ်။ Eye Makeup Remover ကို ဂွမ်းတံလေးနဲ့ယူပြီး မျက်လုံးမှာပွတ်ပြီး ဖျက်ပေးပါ။ မျက်လုံးအောက်မှာဆိုးထားတာတွေကိုလည်း ဒါလေးနဲ့ပဲဖျက်ပေးပါ။ မျက်တောင်ကော့ထားတာတွေကိုလည်း ဒီဂွမ်းတံလေးနဲ့ပဲ ဖျက်ပေးလို့ရပါတယ်။

Source: PureWow

အားလုံးပြီးရင်တော့ မျက်နှာတစ်ခုလုံးကို Makeup Cleansing Wipes လေးနဲ့သုတ်ပေးပါ။

Source: InStyle

နောက်တစ်ဆင့်အနေနဲ့ Facial Cleanser နဲ့ မျက်နှာကိုသေချာပွတ်ပြီး သစ်ပေးပါ။ ပြီးရင်တော့ ရေဆေးချပြီး မျက်နှာသုတ်ပုဝါနဲ့သုတ်ပါ။

မျက်နှာသစ်ပြီးရင် ရေဓာတ်ပြန်လည်ရရှိအောင် ရေဓာတ်ဖြည့်ပေးတဲ့ Hydrating Mist လေးနဲ့ မျက်နှာကို ဖြန်းပေးပါ။ ဒါလေးကိုဖြန်းပေးခြင်းက ရေဓာတ်ကိုပြန်လည်ရရှိစေတဲ့အပြင် Fresh လည်းဖြစ်စေပါတယ်။

နောက်တစ်ဆင့်ကိုတော့ မျက်နှာအသားအရေအတွက် အရေးအကြီးဆုံးတစ်ခုဖြစ်တဲ့ Serum ကိုသုံးပေးရပါမယ်။ Serum ကိုနှစ်စက်လောက်ချပြီး လိမ်းပေးရပါမယ်။ သူက အရေးအကြောင်းတွေကို သက်သာစေပြီး မျက်နှာအသားအရေလေးကို တင်းရင်းစေတာပါ။

Serum လိမ်းပြီးရင်တော့ Cream လိမ်းပေးပါ။ Cream ကတော့ အသားအရေနူးညံ့အောင်နဲ့ ရေဓာတ်ပြည့်အောင်လုပ်ပေးတဲ့သဘောပါ။ ဒါကြောင့် Serum လိမ်းပြီးရင် Cream ကိုဆက်လိမ်းပေးလို့လည်းရသလို မလိမ်းချင်ရင်လည်း Serum အဆင့်မှာတင် ရပ်လိုက်လို့ရပါတယ်နော်။

ဒီအဆင့်တွေအားလုံးပြီးသွားရင်တော့ ညအိပ်လို့ရပါပြီ။ မိတ်ကပ်ဖျက်ပြီးမျက်နှာသစ်တဲ့အခါမှာ ဒီတိုင်းမသစ်ပဲ ဒီအချက်လေးတွေကိုလုပ်ပေးမယ်ဆိုရင်တော့ ကျန်းမာလှပတဲ့မျက်နှာအသားအရေလေးကို ရရှိပိုင်ဆိုင်စေမှာပါ။