Tattoo ထိုးဖို့ စဉ်းစားနေလား။


တကယ်လက်တွေ့ရော ထိုးပြီးသွားပြီလား။ မထိုးရသေးဘူး ထိုးဖို့စဉ်းစားနေတယ်ဆိုရင် ဒီအချက်လေးတွေကို စဉ်းစားကြဖို့ အကြံပြုလိုပါတယ်။

Tattoo ဆိုတာ ရေရှည်ခံတဲ့အရာပါ

Tattoo ဆိုတာ ရေရှည်ခံတဲ့အရာပါ။ အလွယ်တကူဖျက်လို့မရပါဘူး။ လေဆာနဲ့မှ ဖျက်လို့ရပါမယ်။ ဒါ့အပြင် ဈေးကြီးတယ်။ နာလည်းနာပါမယ်။ ဒါကို သေချာခံနိုင်ရည်မရှိဘူးဆိုရင် ဒီအတိုင်းအလှပုံကပ်တာကိုပဲ လုပ်သင့်ပါတယ်။

ကိုယ်တကယ်လိုချင်တဲ့ “ပုံ” သေချာပါစေ

သေချာရဲ့လား။ Tattoo က တာရှည်လည်းခံတယ်။ ဖျက်လို့လည်းမရဘူးဆိုတော့ ကိုယ်တကယ်ဆွဲမှာ ဒီပုံဆိုတာ သေချာရဲ့လား။ ဘယ်လို ဒီဇိုင်းမျိုးကို ဆွဲမှာလဲ။ ကိုယ့်အသက် ၄၀၊ ၅၀၊ ၆၀ ရောက်သွားရင် ဘယ်လိုဖြစ်နေမှာလဲ စသဖြင့် သေသေချာချာစဉ်းစားပါ။

ဘယ်နေရာမှာထိုးမှာလဲ

ဘယ်နေရာမှာ ထိုးမှာလဲဆိုတာကို သေချာစဉ်းစားဖို့လိုပါတယ်။ မြင်ရတဲ့နေရာမှာထိုးမှာလဲ မမြင်ရတဲ့နေရာမှာထိုးမှာလား။ သေးသေးလား ကြီးကြီးလား စသဖြင့်သေချာစဉ်းစားပါ။

ဆိုင်ကိုသေချာရှာပါ

 

ကိုယ်တကယ်ထိုးမဲ့ ဆိုင်ကို သေချာရွေးပါ။ သေချာစုံစမ်းပါ။ ကိုယ့်ကိုထိုးပေမဲ့ Tattoo ထိုးဆရာကိုလည်း ကောင်းမကောင်းသေချာစုံစမ်းသင့်ပါတယ်။ အဲဒီဆိုင်က ဆေးထိုးအပ်ကို တစ်ခါပဲသုံးသလား။ ကောင်းသလားဆိုးသလားဆိုတာ သေချာစုံစမ်းပါ။နေရာက သန့်သလား။ ကျယ်သလားကျဉ်းသလား။ မိန်းကလေးဆိုရော ထိုးဖို့ သင့်တော်တဲ့အခန်းတွေရှိလား။ စသဖြင့် သေချာစုံစမ်းသင့်ပါတယ်။

ရက်ချိန်းယူပါ

အရာအားလုံးအဆင်ပြေပြိဆိုရင် ရက်ချိန်းယူပါ။ ကိုယ့်ကို Tattoo ထိုးပေးမဲ့ အနုပညာရှင်နဲ့ အချိန်ယူပြီး ကိုယ်လိုချင်တဲ့ပုံစံကို ပြောပါ။

နာမယ်ဆိုတာ ကြိုတွေးထားပါ

Tattoo ထိုးတဲ့အခါ နာပါမယ်။ တစ်ယောက်နဲ့တစ်ယောက်ခံနိုင်ရည်ချင်းမတူကြပေမဲ့ သေချာပေါက်နာမှာပါ။ ကြိုတင်ပြင်ဆင်ထားပါ။

ထိုးပြီးတဲ့အခါ Tattoo ဆရာကပြောတဲ့ ညွှန်ကြားချက်တွေကို လေ့လာပါ။

Tattoo ထိုးဖို့ ပြင်ဆင်ရုံသာမက ထိုးပြီးတဲ့ ၂ ပတ်အတွင်းမှာ သေချာဂရုစိုက်ဖို့လိုပါတယ်။ Tattoo ကို ရေနွေးနဲ့ ဘက်တီးရီးယားတွေသေစေနိုင်တဲ့ ဆပ်ပြာနဲ့ နာရီပိုင်းအခြား တစ်ခါ သန့်ရှင်းရေးလုပ်ပေးပါ။ နှစ်ပတ်လောက် သေချာဂရုစိုက်ပါ။ နေလောင်ဒဏ်ကနေ ကာကွယ်ပါ။