Hello..MyStyle Myanmar ပရိသတ်ကြီးရေ.. မဂ်လာပါနော်.. ဒီနေ့မှာတော့ အလိုလိုနေရင်း ရစ်တတ်တဲ့ကောင်မလေးတွေ မကြိုက်တဲ့အရာလေးတွေ သူတို့ကိုပိုပြီးစိတ်ဆိုးစေတဲ့အချက်လေးတွေကို ချစ်သူရှိတဲ့ကောင်လေးတွေအတွက် ဝေမျှပေးချင်ပါတယ်နော်။ ကိုယ့်ချစ်သူနဲ့ပတ်သက်ပြီး မိန်းကလေးတိုင်းမှာ လုံးဝမကြိုက်ပဲ စိတ်ဆိုးလေ့ရှိတတ်တဲ့အရာတွေက အားလုံးအတူတူလိုပါပဲ့။
ဒါကတော့ ရည်းစားရှိတဲ့ ယောင်္ကျားလေးတိုင်း သိထားဖို့လိုမယ်လိုထင်ပါတယ်။ ဒါမှလည်း ကိုယ့်ကောင်မလေး လုံးဝမကြိုက်တဲ့၊ စိတ်အဆိုးဆုံးအရာတွေကို မလုပ်ပဲဆင်ခြင်နိုင်မှ ကောင်မလေးတွေဆီက အရစ်ခံရတာတွေ သက်သာမယ်ဟုတ်? ကဲ…ဘယ်လိုအချက်လေးတွေလည်းဆိုတာ ကြည့်လိုက်ပါအုံးနော်…
အရင်ရည်းစားဟောင်းနဲ့ ပတ်သက်နေသေးတာမျိုး၊ အရင်ရည်းစားဟောင်းနဲ့ အဆက်အသွယ်မပြတ် ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံနေတာမျိုးကို ချစ်သူကောင်မလေးတွေက လုံးဝမကြိုက်ကြပါဘူး။
သူတို့ရှေ့မှာ တခြားမိန်းကလေးကို အကောင်းအရမ်းပြောပြီးချီးကျူးရင် အရမ်းစိတ်ဆိုးကြပါသေးတယ်။ သဝန်တိုတတ်တဲ့ကောင်မလေးတွေဆို ပိုဆိုးတယ်နော်။
သူမရဲ့ Phone Call နဲ့ Massage တွေကို လျစ်လျူရှုရင် အရမ်းစိတ်ဆိုးကြပါတယ်။ အထူးသဖြင့် ခဏခဏစိတ်ဆိုး စိတ်ကောက်တတ်တဲ့ကောင်မလေးတွေနဲ့ ဒေါသကြီးတဲ့ကောင်မလေးတွေမှာ ပိုအဖြစ်များပါတယ်။
သူမနဲ့အပြင်သွားနေတုန်း အခြားမိန်းကလေးကို စာပို့ရင်လည်း မိန်းကလေးတော်တော်များများက စိတ်ဆိုးကြပါတယ်။ တချို့ဆို ဘာမှမဖြစ်ချင်ယောင်ဆောင်ပေမယ့် စိတ်ထဲမှာတော့ တင်းနေပြီ။
သူ့ရှေ့မှာ တခြားမိန်းကလေးကို အရမ်းဂရုစိုက်ပြရင်လည်း သင့်ကောင်မလေးစိတ်ဆိုး၊ စိတ်ကောက်တာကို ခံရပါလိမ့်မယ်။ မိန်းကလေးတွေက သူတို့ထက်ပိုပြီး တခြားသူကို ဂရုစိုက်ရင် အရမ်းသဝန်တိုပါတယ်။
သူမနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ကိစ္စတွေကို မေ့နေတာမျိုး။ ဥပမာ – မွေးနေ့တို့ Anni နေ့တို့ စတဲ့ အရေးကြီးတဲ့နေ့တွေ၊ အရေးကြီးတဲ့အရာတွေကို မေ့နေရင်လည်း တော်တော်စိတ်ဆိုးကြပါတယ်။
ရည်းစားဟောင်းပေးထားတဲ့ပစ္စည်းကို မပစ်သေးပဲ ဆက်သုံးနေတာကိုသိလို့ကတော့ မိုးမီးလောင်ပြီပဲ။ ကောင်မလေးတွေမပြောနဲ့ ကောင်လေးတွေတောင် ဒါမျိုးကို လုံးဝမကြိုက်ကြပါဘူး။
တခြားဟာတွေကိုလိမ်ရင်သာ တောင်းပန်ပြီး ပြန်ချော့ရင် လွယ်လွယ်နဲ့ စိတ်ဆိုးပြေကြမှာ။ မိန်းကလေးကိစ္စနဲ့ပတ်သက်ပြီးလိမ်ရင်တော့ တော်တော်ကြာအောင် စိတ်ဆိုးတာခံရပါလိမ့်မယ်။
တချို့ကောင်မလေးတွေကတော့ ဘာမှမဖြစ်ပေမယ့် အရမ်းအူတိုတတ်တဲ့ ကောင်မလေးတွေဆိုရင်တော့ ကိုယ့်ချစ်သူကောင်လေးက ကိုယ်ကလွဲပြီး အခြားကောင်မလေးပုံတွေကို React ပေးတာ Comment ပေးတာမျိုး လုံးဝမကြိုက်ပါဘူး။
သူမပါပဲ မိန်းကလေးတွေအများကြီးနဲ့ အပြင်သွားရင်လည်း စိတ်ဆိုးကြပါသေးတယ်။ ကောင်မလေးတွေကတော့ ခဏခဏစိတ်ဆိုးစိတ်ကောက်တတ်တဲ့အတွက် သူတို့မကြိုက်တာ၊ အူတိုတာတွေကတော့ တော်တော်များမှာပါပဲနော်။