ကိုယ်သုံးနေတဲ့ ပစ္စည်းတွေနဲ့ပတ်သက်ပြီး လုပ်နေမိတဲ့အရာတွေက တစ်ခါတစ်လေကျရင် ကိုယ်တိုင်တောင်မသိပဲ မှားယွင်းနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သင်ကိုယ်တိုင် အသုံးပြုပုံ မှားယွင်းနေသောအရာများနဲ့ သိထားသင့်သောအရာတစ်ချို့ကို ပြောပြပေးလိုက်ပါတယ်။ ဗဟုသုတလည်းရစေသလို အသုံးလည်းဝင်စေမယ့်အရာတွေ ဖြစ်ပါတယ်။

Travel pillow တွေကို တော်တော်များများက ဂုတ်မှာညှပ်ပြီးပဲ သုံးကြတာပါ။ ဒါပေမယ့် အိပ်မယ်ဆိုရင်တော့ ဟနေတဲ့နေရာကို နောက်မှာထားပြီး ပုံထဲကသုံးပြထားသလို သုံးပေးတာက ပိုပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။

ကော်ဖီထဲကိုဖောက်ထည့်ရတဲ့ သကြားထုပ်၊ နို့မုန့်ထုပ်လေးတွေကို တော်တော်များများက ထိပ်ကနေပဲဖောက်ကြပါတယ်။ တကယ်တော့ သူ့ရဲ့ဖောက်နည်းအမှန်က လက်နှစ်ဖက်နဲ့ အလယ်ကနေ ထက်ခြမ်းခွဲပြီး ဖောက်ရတာမျိုးပါ။

တချို့ဆိုင်တွေဆိုရင် ပါဆယ်ဝယ်တဲ့အခါ ခေါက်ဆွဲ၊ ကြက်ကြော်စတာတွေကို ပုံစံခွက် စက္ကူဘူးလေးတွေနဲ့ ထည့်ပေးတတ်ပါတယ်။ တော်တော်များများက အဲ့ဘူးအတိုင်းပဲထားပြီး တူနဲ့ယူစားကြပါတယ်။ တကယ်တော့ သူ့ရဲ့သုံးစွဲနည်းအမှန်က ပုံမှာပြထားသလို ဘူးကိုဖြန့်ပစ်လိုက်ရတာမျိုးပါ။

နှစ်ဖက်သုံးလို့ရတဲ့ cotton pads တွေရဲ့သုံးနည်းကတော့ အချောဘက်က မိတ်ကပ်ဖျက်ဖို့ဖြစ်ပြီး အဖုအထစ်လေးတွေပါတဲ့ အကြမ်းဘက်ကတော့ လက်သည်းဖျက်ဆေးနဲ့ လက်သည်းဖျက်ဖို့အတွက်ပါ။

သော့ခလောက်တွေမှာ သော့ထိုးရတဲ့နေရာဘေးမှာ အပေါက်သေးသေးလေး ပါတတ်ပါတယ်။ တော်တော်များများကတော့ အဲ့အပေါက်လေးကို ဘာလုပ်ရတယ်ဆိုတာ မသိကြပါဘူး။ တကယ်တော့ သော့ထိုးရတာ၊ လှည့်ဖွင့်ရတာ ကြပ်နေရင် အဲ့ဒီအပေါက်လေးထဲကို အင်ဂျင်ဆီ (သို့) တခြားအဆီတစ်ခုခု ထည့်ပြီးဖွင့်ရင် ကြပ်နေတာတွေ မဖြစ်တော့ပါဘူး။

ဖုန်းအားသွင်းတဲ့အခါမှာ ကိုယ့်ဖုန်းက ပူတတ်တယ် ဒါမှမဟုတ်လည်း ရာသီဥတု အရမ်းပူနေတယ်ဆိုရင် ဖုန်းကာဗာတပ်ပြီး အားမသွင်းပါနဲ့။ ဖုန်းကာဗာတပ်ပြီးသွင်းရင် ပုံမှန်ထက်ပိုပြီး ဖုန်းပူစေပါတယ်။ ဒါကြောင့် ဖုန်းကာဗာဖြုတ်ထားပြီး အားသွင်းတာက ပိုကောင်းပါတယ်။

ခုနကလိုပဲ အရမ်းပူနေတဲ့အချိန် (သို့) ကိုယ့်ဖုန်းကပူနေတဲ့အချိန်မျိုးမှာ ဖုန်းအားသွင်းရင် ဖုန်းကို အိပ်ယာပေါ်၊ အဝတ်ပေါ်မှာတင်ပြီး အားသွင်းထားတာမျိုး၊ ကိုယ်အိပ်တဲ့ ခေါင်းအုံးအောက်နားထားတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ အရမ်းအန္တရာယ်များပါတယ်။

source:www.brightside.me