လူပျိုကြီး အိုပါး Gong Yoo ကို ချစ်ကြတဲ့ ပရိသတ်တွေများပါတယ်နော်။ သူ့ကို ပိုပြီးချစ်မိသွားစေတဲ့ ကားကတော့ Train To Busan နဲ့ Goblin ကားတွေဖြစ်ပါတယ်။

အသက် ၄၀ နားကပ်နေပြီဆိုတာ မသိသာလောက်အောင်ကို ခန့်ညားတဲ့ မင်းသားတစ်ဦးဖြစ်ပြီး Body ကလည်း အမိုက်စားမင်းသားတစ်ဦးဖြစ်ပါတယ်။

သူ့အကြောင်း တော်တော်များများ သိပြီးသားဆိုပေမယ့် သင်မသိသေးတဲ့ အိုပါး Gong Yoo ရဲ့ အကြောင်းတချို့ကို မျှဝေပေးသွားပါမယ်။ သိပြီးသားတွေလည်း ပါပါတယ်နော်။

ဘူဆန်မှာ ကြီးလာခဲ့သူဖြစ်တယ်

သူ့ကို ၁၉၇၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က တောင်ကိုးရီးယား နိုင်ငံ ဘူဆန်မြို့မှာ မွေးဖွားခဲ့ပြီး ဘူဆန်မှာပဲ ကြီးခဲ့တာပါ။

Gong Yoo ဆိုတာ နာမည်အရင်းမဟုတ်ဘူး

သူ့ရဲ့နာမည်အရင်းကတေ့ Gong Ji Chul ဖြစ်ပါတယ်နော်။

လူမှုကွန်ရက်မသုံးဘူး

တိုးတက်နေတဲ့ ခေတ်စနစ်ကြီးနဲ့ လူမှုကွန်ရက်မှာ အချင်းချင်း ချိတ်ဆက်စကားပြောနေကြပေမယ့် မင်းသား Gong Yoo ကတော့ Social Media လုံးဝမသုံးပါဘူး။ သူက Social Media က ကြောက်ဖို့ကောင်းတယ်လို့မြင်ပါတယ်။ အဲဒါက လူတွေကို အထီးကျန်အောင်လုပ်နေသလိုပါပဲ လို့ဆိုပါတယ်။

ကြောင်ကလေးကို အရမ်းချစ်တတ်တယ်

သူဟာ အင်တာဗျူးတိုင်း ကြောင်ကလေးတွေကို ဘယ်လောက်ချစ်တဲ့အကြောင်း ပြောလေ့ရှိပါတယ်။ သူ့ကို Train To Busan နဲ့ပတ်သက်လို့ မေးတော့ Zombie ကိုက်ခံရရင် သူလူကိုမကယ်ပဲ သူ့ရဲ့ ကြောင် နှစ်ကောင်ကို ကယ်မယ်လို့ ပြောပါတယ်။

၁၀ စုနှစ် တစ်စုကျော်လောက် တူညီတဲ့ ဘဝနေထိုင်မှုပုံစံပဲ ဖြတ်သန်းခဲ့သူဖြစ်တယ်

သူ့ရဲ့ နေ့စဉ်လုပ်ဆောင်မှုကို မေးတော့ လွန်ခဲ့တဲ့ ၁၆ နှစ် ၁၇ နှစ်လုံးလုံး တစ်နေ့တာလုံးကို တူညီတဲ့လုပ်ဆောင်ချက်တွေပဲ လုပ်ခဲ့တယ်။ လေ့ကျင့်ခန်းလုပ်ရင်လုပ် မလုပ်ရင် သီချင်းနားထောင်တယ်။ နောက်တစ်ခုက မနက်ဆိုရင် တီဗီတစ်ယောက်တည်းကြည့်တတ်တယ်။ ကြောင်လေးတွေကို သန့်ရှင်းရေးလုပ်ပေးတယ်လို့ဆိုပါတယ်။

အင်္ဂလိပ်လိုလည်း ပြောတတ်တယ်

စစ်မှုထမ်းတုန်းက စစ်တပ်က ရေဒီယိုဌာနအတွက် DJ လုပ်ပေးခဲ့ဖူးပါတယ်။ အဲဒီမှာ အင်္ဂလိပ်စကား သင်ယူခဲ့ပြီး အင်္ဂလိပ်လိုလည်း အနည်းငယ်ပြောတတ်ပါတယ်။

သူ့ရဲ့ Coffee Prince ဇာတ်လမ်းတွဲကို စစ်မှုထမ်းနေတုန်း ကြည့်ခဲ့တယ်

တချို့အနုပညာရှင်တွေကတော့ သူတို့ရဲ့ ဇာတ်ကားကို ပြန်ကြည့်ဖို့ ရှက်နေတတ်ပါတယ်။ သူကတော့ စစ်တပ်ထဲမှာ စစ်မှုထမ်းနေရင်း သူ့ရဲ့ Coffee Prince ဇာတ်လမ်းတွဲကို ကြည့်ခဲ့တာပါတဲ့။

မင်းသားအလုပ်ဆိုတာ အထီးကျန်ဆန်တဲ့အလုပ်ဖြစ်တယ်လို့ ထင်မြင်တတ်သူ

မင်းသားအလုပ်ဟာ သူ့ကို အထီးကျန်စေတဲ့ အလုပ်ဖြစ်တယ်လို့ ထင်မြင်တတ်လေ့ရှိပါတယ်။ လူတွေရှေ့ အမြဲရပ်ပြီး သူတို့ရဲ့ အချစ်ကို ခံယူနေရပေမယ့် လွတ်လွတ်လပ်လပ် မနေရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်တွေဘယ်လိုပြောင်းပြောင်းအရမ်းနုနေသူ

နှစ်တွေသာ ပြောင်းသွားတယ် သူ့ရဲ့ ရုပ်ရည်ကတော့ အမြဲတမ်း နုပျိုပြီး ခန့်ညားနေတုန်းပါပဲ။