မြန်မာနိုင်ငံမှာဆိုရင် ဂျပန်နိုင်ငံရဲ့ ယဉ်းကျေးမှုတွေ တော်တော်များများရောက်ရှိလို့ လာပါပြီ။ ဂျပန်ကုမ္ပဏီတွေလည်း မှိုလိုပေါက်ပေါများလာပြီး လူငယ်တွေလည်း ဂျပန်စာတွေ သင်နေကြပါပြီ။ တချိုတွေဆိုရင် ဂျပန်နိုင်ငံကိုတောင်သွားပြီး အလုပ်လုပ်နေကြပါပြီ။ ဒီနေ့ ပြောပြပေးမဲ့ အကြောင်းအရာတွေကတော့ ဂျပန်နိုင်ငံထဲမှာသာ တွေ့ရလေ့ရှိတဲ့ ယဉ်ကျေးမှုတွေ အကြောင်းပါ။

(၁) ထိုင်ခုံ

ကော်ဖီဆိုင် ဒါမှမဟုတ် စားသောက်ဆိုင်တွေမှာ ထိုင်ခုံကိုအသုံးပြုပြီး ထိုင်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဂျပန်တွေကတော့ ဘယ်ကိုပဲရောက်နေရောက်နေ သက်သောင့်သက်သာပဲ ထိုင်လေ့ရှိတတ်ကြတယ်။ ဒါကြောင့် ဂျပန်ကော်ဖီဆိုင်တွေ တော်တော်များများမှာဆိုရင် လက်ကိုင်ပါပြီး မှီလို့ရတဲ့ခုံတွေကို အသုံးပြုကြပါတယ်။

(၂) Pringles (အားလူးကြော်)

Pringles တံဆိပ်ပါ အားလူးကြော်ဟာ နိုင်ငံတော်တော်များများမှာ အထူးနာမည်ရထားတဲ့ စားသောက်ကုန်ပစ္စည်းပါ။ ဒါပေမဲ့ ဂျပန်မှာကတော့ Pringles ဟာခေါက်ဆွဲ Brand တခုပါ။

(၃) ကော်ဖီဆိုင်

ကော်ဖီဆိုင်မှာ တယောက်ထဲထိုင်ပြီး ကော်ဖီသွားသောက်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် ဂျပန်ကော်ဖီဆိုင်ဆိုင်တွေကတော့ တယောက်ထဲလာတဲ့ ဧည့်သည်တွေကို အဖော်ရအောင်ဆိုပြီး Moomins အရုပ်အကြီးကြီးတွေ ပေးထားလေ့ရှိပါတယ်။

(၄) ခရစ္စမတ်

ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ခရစ္စမတ်နဲ့ နှစ်သစ်ကြိုပွဲတွေမှာ အကောင်းဆုံးဆိုတဲ့ အစားအစာတွေနဲ့ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားသောက်ကြပါတယ်။ ဒါပေမယ့် ဂျပန်လူမျိုးတွေကတော့ ခရစ္စမတ်မှာ KFC ကြက်ကြော်စားရတာကို နှစ်ခြိုက်ကြပါတယ်။

(၅) အိမ်သာ

မြန်မာတွေ ဂျပန်နိုင်ငံကို စရောက်ခါစ အတော်တိုင်ပတ်တဲ့ အရာကတော့ အိမ်သာပါပဲ။ နိုင်ငံတော်တော်များများမှာ အိမ်သာအသုံးပြုရတာ အရမ်းရိုးရှင်းပါတယ်။ ကိစ္စပြီးတာနဲ့ ရေဆွဲချလိုက်ရုံပါပဲ။ ဒါပေမယ့် ဂျပန်အိမ်သာတွေက ဒီလောက်မရိုးရှင်းပါဘူး။ အိမ်သာခွက်မှာ ခလုတ်ပေါင်းမျိုးစုံ တပ်ထားတာပါ။ ကိစ္စပြီးတာနဲ့ အညစ်အကြေးဆေးတာ၊ အနံ့ချွတ်တာ၊ အခြောက်ခံတာနဲ့ အပူပေးတဲ့ ခလုတ်တွေ စုံနေအောင်တပ်ထားတာပါ။ အိမ်သာတတ်ရင်း သီချင်းနာထောင်လို့ရအောင် လုပ်ထားပါသေးတယ်။

(၆) Wet Towel (ရေစိုမျက်နှာသုပ်ပဝါ)

ဂျပန်နိုင်ငံက စားသောက်ဆိုင်တော်တော်များများမှာ သွားထိုင်လိုက်ပြီဆိုတာနဲ့ wet towel (ရေစိုမျက်နှာသုပ်ပဝါ) တွေပေးလေ့ရှိပါတယ်။ သူတို့အခေါ်ကတော့ “oshibori”ပါ။ ဒါက စားသုံးသတွေ အစားမစားခင် မျက်နှာသုပ်ဖို့ ဒါမှမဟုတ် လက်သုပ်ဖို့အတွက် ပေးခြင်းဖြစ်ပါတယ်။ စားသုံးသူတွေ အစားအစာကို ကျန်းမာရေးနဲ့အညီစားသုံးနိုင်ဖို့အတွက် ရည်ရွယ်ပြီးပေးတာလည်းဖြစ်ပါတယ်။

စားသောက်ဆိုင်တွေအပေါ်မှုတည်ပြီးတော့ wet towel (ရေစိုမျက်နှာသုပ်ပဝါ) အပူ၊ အအေး ကွာသွားပါတယ်။ ဒါကို ဂျပန်နိုင်ငံရဲ့ ဧည့်ဝတ်ကျေးပွန်းမှု တခုအဖြစ် မှတ်ယူထားကြတာပါ။