အလုပ်သစ်တစ်ခုဝင်တာကနေ ရည်းစားအသစ်ထားတာအထိ Challenge ဆိုတာ ရှိပါတယ်။ စိန်ခေါ်မှုဆိုတာ အပြောင်းအလဲတိုင်းကို အသက်ဝင်စေတဲ့အရာ ဖြစ်သလို အောင်မြင်မှုအတွက် အခွင့်အလမ်းအဖြစ်လည်း ပြောင်းပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း Challenge တစ်ခုနဲ့ ကြုံချိန်မှာ လူတွေဟာ စိုးရိမ်မှု ရှိစမြဲပါပဲ။ ဒီလိုမျိုး စိုးရိမ်ထိတ်လန့်နေတဲ့ စိတ်အခြေအနေ Mindset ကို ဘယ်လိုမျိုးနည်းလမ်းနဲ့ ပိုကောင်းအောင် လုပ်နိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ အကြံတစ်ချို့ ပေးချင်လို့ပါ။

(၁) စိတ်ကို စုစည်းထားပါ

Photo: European Women in Tech

တည်ငြိမ်နေမယ့် ရှေ့တက်လို့ ရမှာ ဖြစ်ပါတယ်။ အရင်ဆုံး စိတ်ကိုတိတ်ဆိတ်အေးချမ်းတဲ့ အခြေအနေမှာ ထားနိုင်ဖို့ ကြိုးစားလိုက်ပါ။ အားပါးတရအသက်ရှုပြီး ကိုယ့်ကိုယ်ကိုယ် ဖြေလျှော့ထားပါ။ နက်နက်ရှိုင်းရှိုင်း အသက်ရှုသွင်းလိုက်ခြင်းအားဖြင့် အားကြီးတဲ့စိတ်ကို ကိုယ့်အတွင်းမှာ မွေးယူလိုက်တာပဲ ဖြစ်ပါတယ်။

(၂) ကိုယ့်အတွေးကို ပြန်သိပါ

Photo: Medium

ကိုယ့်စိတ်သဘောထားကို ပိုကောင်းချင်ရင် အရင်ဆုံး ကိုယ့်ခံစားချက်နဲ့ အတွေးတွေကို သေချာနားလည်အောင် လုပ်ရမှာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုနဲ့ပတ်သက်လို့ ကိုယ့်နှလုံးသားရဲ့ မှတ်ချက်က ဘာလဲ။ ကိုယ့်အတွေးနဲ့ယူဆချက်တွေကို သိချင်အားဖြင့် ပိုကောင်းတဲ့ဘက်ကို ပြောင်းဖို့အတွက် အများကြီး အထောက်အကူဖြစ်မှာပါ။

(၃) ပံ့ပိုးမှုတွေ ရယူပါ

Photo: Salon Iris

စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ မှန်ကန်တဲ့ သဘောထား ရှိဖို့ လိုပါတယ်။ အခက်အခဲပဲဖြစ်ဖြစ် စိန်ခေါ်မှုပဲ ဖြစ်ဖြစ် တစ်ယောက်အားနဲ့ချည်း ဖြေရှင်းနိုင်ဖို့ မလွယ်ဘူးဆိုတာ နားလည်ထားပါ။ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေကို မိသားစုဝင်တွေရဲ့ ပံ့ပိုးမှု ၊ မိတ်ဆွေတွေရဲ့ အကြံပေးချက်တွေနဲ့ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့ အနေအထားကို ရောက်အောင် လုပ်ခဲ့ကြတာပဲမလား။ ဒါကြောင့် ကိုယ်ကြုံနေတဲ့ စိန်ခေါ်မှုမှာ ခွန်အားဖြစ်စေမယ့် ပံ့ပိုးမှုတွေ ရယူဖို့ လက်မတွန့်ပါနဲ့။

(၄) ရဲရဲရင့်ရင့် စလုပ်ပါ

Photo: OneSandbox

အင်မတန်သေးငယ်တဲ့ ခြေတစ်လှမ်းနဲ့ စတင်တာက အရေးကြီးတာတွေ လုပ်ဖို့အတွက် အရင်ဆုံးလိုအပ်တဲ့အရာ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ Action မလုပ်မချင်း ဘာမှ ဖြစ်မလာဘူးဆိုတာ သတိရသင့်ပါတယ်။